မျက်နှာခွဲစိတ်ပြုပြင်ခဲ့တယ်လို့ ယူဆနေကြတဲ့ Rose ရဲ့ပွဲတက်ပုံရိပ်များ

//s9.kh1.co/1d/1dc48bb13aa22e479660e0421a8a1483bbcb98ec.jpg
MPT Korea Celebrity

 ၁၂-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၃ လ က

မျက်နှာခွဲစိတ်ပြုပြင်ခဲ့တယ်လို့ ယူဆနေကြတဲ့ Rose ရဲ့ပွဲတက်ပုံရိပ်များ

BlackPink အဖွဲ့ဝင် ရို့စ်ဟာမကြာသေးခင်က ဂျပန်မှာကျင်းပတဲ့ Tiffany & Co’s ပွဲကိုတက်ရောက်ခဲ့ပါတယ်။ အနက်ရောင်မွေးပွဂါဝန်တိုလေးနှင့် ရွှေအိုရောင်ဆံပင်လေးပြင်ဆင်လာတဲ့ ရို့စ်ဟာမင်းသမီးလေးတစ်ပါးလိုမျိုး လှပနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေဟာ ရိုစ့်ရဲ့မျက်နှာပေါ်က ထူးခြားချက်တစ်ချို့ကိုလည်းသတိထားမိခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=967,q=100/54/54732b5587aea34da443b30dba66fcc7ad00f828.webp

မျက်လုံးအပေါ်နားလေးမှာ အရင်ကထက်သိသိသာသာပေါ်လာတဲ့ မျက်ရစ်နှင့် ဖောင်းနေပုံပေါ်တဲ့ မျက်လုံးအနေအထားတို့ကြောင့် ရိုစ့်ဟာ မျက်ရစ်ခွဲခဲ့တယ်ဆိုပြီးယူဆနေကြတာဖြစ်ပါတယ်။ မကြာသေးခင်ကရိုက်ကူးထားတဲ့ ကြော်ညာပိုစတာမှာတောင်မှ သူမရဲ့အပေါ်မျက်ရစ်ဟာ အခုလိုမျိုးထင်ရှားနေခြင်းမရှိခဲ့ပါဘူး။ 

https://s9.kh1.co/__image/w=553,h=679,q=100/5f/5fb459b42961623aae1e9e108c8754817f5dc57e.webp

တစ်ချို့ပရိတ်သတ်တွေကတော့ ဒီမျက်လုံးပုံစံဟာ ခွဲစိတ်ထားတာကြောင့်မဟုတ်ဘဲ မျက်လုံးမိတ်ကပ်ကိုအထူးတလည်ပြင်ဆင်ထားတာကြောင့်ဖြစ်နိုင်တယ်ဆိုပြီးဖြေရှင်းပေးကြပါတယ်။ ဒီလိုပြောင်းလဲသွားတာကလည်း ရို့စ်ရဲ့ပုံစံကိုတစ်မျိုးပြောင်းလဲစေပြီးတော့ အသစ်အဆန်းပုံလေးဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=650,h=606,q=100/d8/d8195cd0846cdc52762e75ece5470a52e0588f58.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T