Lisa ဟာကိုယ်ပိုင်ကုမ္မဏီဖြစ်တဲ့ ILOUD ကိုတည်ထောင်ပြီးနောက်မှာ တစ်ကိုယ်တော်အလုပ်တွေကို ပိုလုပ်လာနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ သူမရဲ့မွေးရပ်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အစီအစဥ်တွေအများကြီးလုပ်နေတဲ့အပြင် မကြာသေးခင်က ဟောလိဝုဒ်ဇာတ်ကားဖြစ်တဲ့ White Lotus မှာပါ ပါဝင်သရုပ်ဆောင်သွားဖို့အတည်ပြုထားတာဖြစ်ပါတယ်။

တစ်ကိုယ်တော်အယ်လ်ဘမ်နှင့် ဂီတလှုပ်ရှားမှုတွေအတွက် လီဆာဟာ အမေရိကအခြေစိုက်နာမည်ကြီး RCA Record Label နှင့်လက်တွဲလိုက်ကြောင်းကိုလည်း မကြာသေးခင်ကကြေညာခဲ့ပါတယ်။ ဒီ Label ဟာ Sony Music Entertainment လက်အောက်ခံဖြစ်ပြီးတော့ နာမည်ကြီးအဆိုတော်တွေအများကြီးနှင့်လက်တွဲထားတဲ့ Label ဖြစ်ပါတယ်။

Sharkira Doja Cat Taylor Swift Zyan Milk အစရှိတဲ့ကမ္ဘာကျော်အဆိုတော်တွေနှင့်ပါ လက်တွဲထားတဲ့ ဒီ RCA ဟာ Lisa နှင့်လက်တွဲဖြစ်တာကို ဝမ်းသာမိကြောင်းထုတ်ပြန်ထားပါတယ်။ Lisa ဖက်ကနေလည်း သူ့အနေနှင့် နောက်ထပ်ထွက်လာမယ့်ဂီတတွေကို အခုလိုနာမည်ကြီး Label နှင့်အတူလုပ်ခွင့်ရတာကြောင့် မျှော်လင့်နေမိကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် လီဆာဟာအခုဆိုရင် သူ့ရဲ့သီချင်းနှင့်ဂီတလှုပ်ရှားမှုတွေအတွက် မူပိုင်ခွင့်ကို အပြည့်အဝရတော့မှာဖြစ်ပါတယ်။
