အတူတူလုပ်ဆောင်နိုင်မယ့်အချိန်တစ်ခုသီးသန့်ဖယ်ထားခြင်းဟာ တစ်ကယ်သဘောကျတဲ့သူအတွက်ပဲလုပ်လေ့ရှိကြတဲ့အရာဖြစ်ပါတယ်။ ဝါသနာပါတဲ့အရာတွေ ဒါမှမဟုတ် အသစ်အဆန်းဖြစ်တာတွေလုပ်ခြင်းဟာ မျှဝေတဲ့ခံစားချက်တွေကိုဖြစ်စေတာကြောင့် အချစ်ကိုသေချာလေးဖော်ပြပေးနိုင်တဲ့ အပြုအမူဖြစ်ပါတယ်။
ချီးကျုးပေးတာကလည်း အချစ်ကိုဖော်ပြပေးနေတဲ့ဘာသာစကားတစ်ခုဖြစ်ပါတယ်။ နေ့စဥ်အသေးအဖွဲအကြောင်းအရာလေးတွေကနေပြီး ချီးကျုးစရာလေးတွေရှာဖွေပြီးပြောပေးခြင်းဟာ တစ်ဖက်လူကိုအလေးထားဂရုစိုက်ပုံပေါ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ မှီခိုမှုပေးနိုင်ခြင်းနှင့် စိတ်ဓာတ်ပိုင်းကိုအားဖြစ်စေခြင်းကလည်း အချစ်ကိုသိသာစေတဲ့ဘာသာစကားတွေပါ။
ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့မှုတွေကလည်း အချစ်ကိုထိထိရောက်ရောက်ဖော်ပြနိုင်တဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ သင့်တော်တဲ့အချိန်မှာ လိုအပ်တဲ့ငွေကြေးအကူအညီပေးခြင်းဟာ ဆက်ဆံရေးကိုပိုပြီးတိုးတက်လာစေနိုင်ပါတယ်။ ဉာဏ်ပညာပိုင်းဆိုင်ရာမှာပါ ကောင်းမွန်တဲ့အကြံတွေပေးတာ လမ်းညွှန်ချက်တွေပေးတာမျိုးကလည်း အချစ်ကိုဖော်ပြနိုင်မယ့်နည်းလမ်းတွေဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေကလည်း အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ နူးညံ့တဲ့ထိတွေ့မှုတွေဟာ တစ်ဖက်လူကိုအချစ်ခံရတယ်ဆိုတဲ့လုံခြုံစိတ်ချမှုကိုပေးနိုင်ပါတယ်။ ဒါ့အပြင် လက်တွေ့အလုပ်တွေကို ကူညီပေးခြင်းကလည်း အချစ်ကိုသေချာလေးဖော်ပြပေးတဲ့ ဘာသာစကားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ဖက်လူလုပ်နေကျဖြစ်တဲ့အလုပ်တွေကို ကူညီလုပ်ကိုင်ပေးတာမျိုးဟာ အချစ်ကိုသေချာပေါက်ခံစားမိစေနိုင်ပါတယ်။