ဗောက်ထနေတဲ့ဆံပင်တွေအတွက် အကောင်းဆုံးဆံသားအားဖြည့်ဆီများ

//s9.kh1.co/a1/a1ded003dea2a6f8faa4f3ec138e4ec9e0cd0563.jpg
MPT Lifestyle

 ၀၂-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၄ လ က

ဗောက်ထနေတဲ့ဆံပင်တွေအတွက် အကောင်းဆုံးဆံသားအားဖြည့်ဆီများ

ဆံပင်အတွက် အဓိကရန်သူဖြစ်တဲ့ ဗောက်ဟာဆံသားအလှကို ပျက်စီးစေရုံသာမက တစ်ခြားပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒီလိုဗောက်ပြဿနာတွေအတွက် အဓိကအသုံးပြုနိုင်တဲ့ ဆံသားအားဖြည့်ဆီတွေကိုဖော်ပြပေးလိုက်ပါတယ်။ အုန်းဆီဟာ ဗောက်ဖြစ်စေတဲ့မှိုတွေကို ပျောက်ကင်းစေပြီးတော့ ဗောက်ကင်းစေရုံသာမက ဦးရေပြားကိုအေးမြစေတာကြောင့် ဆံသားအတွက် အတော်လေးအသုံးဝင်တဲ့ အဆီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=764,q=100/e1/e19787278b7740ae8553bee0f053559634936b72.jpg

ပင်စိမ်းနှင့်ရို့စ်မေရီအဆီတွေကလည်းပဲ ဆံသားအတွက်ကောင်းကျိုးတွေအများကြီးဖြစ်စေတဲ့အဆီတွေပါ။ အထူးသဖြင့် ပင်စိမ်းဟာဗောက်တွေဖြစ်ပေါ်စေတဲ့ မှိုတွေကိုအဓိကဆန့်ကျင်ပေးတဲ့ဓာတ်ရှိတာကြောင့် ဗောက်ထနေတဲ့ ဆံသားတွေအတွက် တစ်ကယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ လက်ဖက်စိမ်းနှင့်စပါးလင်အဆီတွေကလည်း ဗောက်တွေရှင်းသွားစေဖို့အတွက် အဓိကအသုံးဝင်တဲ့အဆီတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/4d/4d4e796bad39c13b62a838ad94ed5744455fbc7d.jpg

သံလွင်ဆီဟာလည်း ဗောက်ပြဿနာတင်မကဘဲ ဆံသားအတွက်ဖြစ်တတ်တဲ့ ပြဿနာမျိုးစုံကို ဖြေရှင်းပေးနိုင်တဲ့အဆီဖြစ်ပါတယ်။ ဒါကြောင့် သံလွင်ဆီတွေကို ဆံသားထုတ်ကုန်တော်တော်များများမှာတွေ့နေရတာဖြစ်ပါတယ်။ လာဗင်ဒါအဆီဟာလည်း မှိုတွေကိုတိုက်ဖျက်နိုင်တဲ့ဓာတ်ရှိတာကြောင့် ဗောက်ပြဿနာတွေအတွက် အသုံးပြုနိုင်ပါတယ်။ လာဗင်ဒါဟာ ဆံသားအဆီထိန်းတာနှင့် မွှေးရနံ့အတွက်ပါကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရှိတဲ့အဆီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=336,h=498,q=100/d4/d4ec59037fcfa1dcca3075dc66a9134cd7ba672b.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T