မနက်ခင်းကိုပျက်စီးသွားစေမယ့် အကျင့်များ

//s9.kh1.co/bc/bcb81aeefc5b9f4176a8001c77ecf7aa62d8b1a6.jpg
MPT Lifestyle

 ၂၉-မတ်-၂၀၂၄ ၉am · လွန်ခဲ့သော ၄ လ က

မနက်ခင်းကိုပျက်စီးသွားစေမယ့် အကျင့်များ

မနက်ခင်းဟာ တစ်နေ့တာလုံးရဲ့အစဖြစ်တာကြောင့် အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ လုပ်လိုက်တဲ့အရာတွေဟာ တစ်နေ့တာလုံးကိုအကျိုးသက်ရောက်မှုကြီးကြီးမားမားရှိသွားနိုင်ပါတယ်။ မနက်နိုးလာတာနှင့်တန်းထတာ ဒါမှမဟုတ် ပြန်အိပ်လိုက်တာမျိုးဟာ မကောင်းတဲ့အကျင့်တစ်ခုဖြစ်ပါတယ်။ အကြောဆန့်တာလိုမျိုး မနက်ခင်းလေ့ကျင့်ခန်းတစ်ခုကိုလုပ်ရင်းနိုးလာခြင်းကကြွက်သားနှင့်ခန္ဓာကိုယ်ကိုကောင်းကောင်းနိုးလာအောင်ကူညီပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=845,q=100/46/46330b2de35825e834efcbebfbd63df82aa90e9e.jpg

အိပ်ရာကထလာတာနှင့် ဖုန်းကိုတစ်ခါထဲဖွင့်ကြည့်ခြင်းကလည်း မနက်ခင်းကိုလုံးဝဖျက်ဆီးလိုက်တဲ့အလေ့အကျင့်ဖြစ်ပါတယ်။ ဒါ့အပြင် နိုးလာတာနှင့်တစ်နေ့တာကိုကြိုတင်ပင်ပန်းပြီးစိတ်ပျက်နေတာကလည်း မနက်ခင်းကိုပျက်စီးသွားစေနိုင်ပါတယ်။ မနက်စာကို အာဟာရမဖြစ်တဲ့အစားအသောက်တွေစားပြီး ရှောင်လိုက်တာမျိုးကလည်း ကျန်းမာရေးအတွက်မကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/a9/a914afcc6819e72e26581d14630913b7d2a19852.jpg

တစ်နေ့တာလုံးအတွက်အစီအစဥ်ချထားတာမရှိဘဲ အကြောင်းမဲ့ထလာတာကလည်း တစ်နေ့တာကိုမကောင်းတဲ့သက်ရောက်မှုတွေအများကြီးဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် တစ်နေ့တာလုပ်ရမယ့်အလုပ်တွေကို အချိန်ဇယားလေးဆွဲထားပြီးလုပ်ခြင်းက ပိုပြီးကောင်းမွန်တဲ့နေ့ရက်တွေကိုရစေနိုင်မှာပါ။ 

https://s9.kh1.co/__image/w=564,h=423,q=100/f6/f6a4d8c98c6fc405f62276d202821ae7be926e0e.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T