ဆက်ဆံရေးတစ်ခုမှာ ဖောက်ပြန်ခြင်းလိုပဲ ဆိုးဝါးတဲ့လိမ်လည်မှုများ

//s9.kh1.co/a4/a485e06b6e995598e839496edad8d07166e45a39.jpg
MPT Lifestyle

 ၃၁-မတ်-၂၀၂၄ ၈am · လွန်ခဲ့သော ၄ လ က

ဆက်ဆံရေးတစ်ခုမှာ ဖောက်ပြန်ခြင်းလိုပဲ ဆိုးဝါးတဲ့လိမ်လည်မှုများ

ဆက်ဆံရေးတစ်ခုမှာဖောက်ပြန်ခြင်းက ဆက်ဆံရေးကိုလုံးဝဖျက်စီးနိုင်တဲ့အဆိုးဝါးဆုံးအဆင့် အဖြစ်သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဖောက်ပြန်တာမဟုတ်ဘဲ ဖောက်ပြန်တာလောက်ပြင်းထန်တဲ့လိမ်လည်မှုနှင့်အပြုအမူတွေလည်းရှိပါတယ်။ အပြန်အလှန်ပေးဆပ်တာမျိုးမလုပ်ဘဲ တစ်ဖက်ထဲကနေပဲပေးဆပ်နေခြင်းကလည်း ဆက်ဆံရေးကိုရေရှည်မှာပြဿနာပေါင်းမြောက်များစွာဖြစ်လာစေပါလိမ့်မယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/51/516c5fa10550123f56f7633b48f037e8467521d2.jpg

ဆက်ဆံရေးမှာအခြေအနေအရ ချစ်တာ စိတ်ဆိုးတာမျိုးရှိနေနိုင်ပေမဲ့ လိုအပ်မှသာချစ်ပြတာမျိုး အသုံးလိုမှချစ်သူခေါ်စေတာမျိုးဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ ဒီလိုမျိုးဟာ တစ်ကယ်ချစ်နေတဲ့သူတွေလုပ်လေ့မရှိတဲ့အပြုအမူဖြစ်ပါတယ်။ အားနည်းချက်တွေကိုအပြန်အလှန်ဖြည့်တင်းပေးရင်းနေထိုင်တာမဟုတ်ဘဲ တစ်ဖက်ပါတနာရဲ့အားနည်းချက်ကိုချုပ်ကိုင်ပြီး အလိုရှိသလိုနေထိုင်စေခြင်းကလည်း အချစ်မဟုတ်ဘဲ အနိုင်ရလိုမှုတစ်ခုသက်သက်ပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/de/de885cce09118f437e070ddc1fe4c2e67192e388.jpg

ကတိဖျက်ခြင်းကလည်း ဆိုးဝါးပြီးတော့ ဆက်ဆံရေးကိုပျက်စီးသွားစေနိုင်တဲ့အကြောင်းအရာပါ။ အထူးသဖြင့် မကြာခဏကတိပျက်တာဟာ တစ်ဖက်လူကိုအလေးမထားပုံပေါ်စေပါတယ်။ ဒါ့အပြင် ဆက်ဆံရေးကိုအလေးမထားဘဲ မိသားစု သူငယ်ချင်းလူမှုရေးစတဲ့အကြောင်းပြချက်တွေနှင့် သွေးအေးနေခြင်းကလည်း ဆိုးဝါးလွန်းတဲ့အကြောင်းပြချက်တစ်ခုပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/d5/d5be2f50f2427c036816d5a90e3a688831d5bac6.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T