စာလေ့လာတော့မယ်ဆို၍ရင် အသုံးပြုမယ့်အချိန်နှင့်ဘာသာရပ်တွေကို အစီအစဥ်တကျလုပ်ထားပြီးတော့ သေချာအချိန်ဇယားဆွဲထားဖို့လိုအပ်ပါတယ်။ စာလေ့လာဖို့နေရာသီးသန့်တစ်ခုသတ်မှတ်ပြီးသွားရင် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေအားလုံးကိုလည်း ဖယ်ထားရပါမယ်။ ဖုန်းလိုမျိုး အာရုံအလွယ်တကူပျံ့သွားစေနိုင်တဲ့အရာတွေကို စာကြည့်စားပွဲပေါ်မှာမထားခြင်းက အကောင်းဆုံးဖြစ်မှာပါ။
အတန်းထဲမှာထိထိရောက်ရောက်သင်ယူခြင်းကလည်း ကောင်းမွန်တဲ့လေ့လာမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လေ့လာတဲ့အရာတွေကိုပြင်ပဘဝမှာပါလက်တွေ့အသုံးချတယ်ဆိုရင် စာတွေကိုပိုမှတ်မိပြီးတော့ မေ့သွားတာမျိုးဖြစ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် စာလေ့လာတဲ့အချိန် မှတ်စုတိုတွေ လက်ရေးစာတိုတွေနှင့် စာအုပ်တွေမှာမှတ်သားပေးခြင်းက သာမာန်စာလေ့လာတာထက်ပိုပြီးမှတ်မိရလွယ်ကူစေနိုင်ပါတယ်။
စာလေ့လာနေချိန်မှာ ဖွင့်မယ့် ဂီတသံအပါအဝင် အားလပ်ချိန်မှာစားမယ့် သရေစာမုန့်တွေကိုပါ သေချာဂရုတစိုက်ပြင်ဆင်ထားသင့်ပါတယ်။ လုံလောက်တဲ့အနားယူမှုရခြင်းကလည်း ထိရောက်တဲ့စာလေ့လာမှုကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေထဲမှာပါဝင်ပါတယ်။