သက်သက်လွတ်သမားများအတွက်အရသာရှိတဲ ပဲပြားမှိုစပ်စပ်

//s9.kh1.co/13/13e37e771b350a457370e83c9776f68ac8926f4f.jpg
MPT Lifestyle

 ၂၅-ဖေ-၂၀၂၄ ၅pm · လွန်ခဲ့သော ၅ လ က

သက်သက်လွတ်သမားများအတွက်အရသာရှိတဲ ပဲပြားမှိုစပ်စပ်

သက်သက်လွတ်စားနေတဲ့သူတွေရှိကြလား။ သက်သက်လွတ်စားတာဟာ စားနေကျလူတွေအတွက်ပြဿနာမရှိပေမဲ့ စပြီးစားတဲ့လူတွေအတွက်တော့အာဟာရမျှအောင်ဘာနဲ့စားရမလဲတွေးပြီးစဉ်းစားရကြပ်စရာပါပဲ။အဲ့ဒါကြောင့်ဒီတစ်ခါတော့သက်သက်လွတ်သမားတွေအတွက်ကောအခြားလူတွေအတွက်ပါသင့်‌တော်တဲ့ပဲပြားမှိုစပ်စပ်လေးချက်စားရအောင်ချက်နည်းလေးပြောပြပေးမယ်နော်

https://s9.kh1.co/__image/w=650,h=342,q=100/66/66a8d8223fa36040555dbe69957d348f8542aa73.jpg

ပထမအနေနဲ့ပဲပြားကိုရေစင်အောင်ဆေးပြီး ဆား၊အရသာမှုန့်၊ပဲငံပြာရည်အနည်းငယ်ထည့်ကာသမအောင်နယ်ထားပါ။ မုန့်ညှင်းကိုအရင်းဖြတ်ကာရေစင်‌အောင်ဆေးထားပါ။မှိုကိုလည်းရေစင်အောင်ဆေးကာဓားဖြင့်ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ဂျင်း၊စပါးလင်အလယ်အနုသား၊ငရုပ်သီးစိမ်း၊ငရုပ်သီးအမှည့်တို့ကိုလည်း ဓားဖြင့်နုတ်နုတ်လှီးကာပန်းကန်တစ်လုံးတွင်ထည့်ပြီး ဆား၊အရသာမှုန့်၊ခရုဆီ၊ငရုပ်ကောင်း၊ငံပြာရည်၊ ကော်မှုန့်အနည်းငယ်၊ရှာလကာရည်အနည်းငယ်၊ရေအနည်းငယ်တို့ထည့်ကာသမအောင်မွေကာအရသာဖျော်ထားပါ

https://s9.kh1.co/__image/w=650,h=342,q=100/a1/a1d719f1eb5e42f54ac77c3359883ce310f2f5c6.jpg

ပဲပြားကိုဆီပူပူတွင်ရွှေရောင်သန်းအောင်ကြော်ပါ။ပဲပြားရွှေရောင်သန်းပါက မှိုထည့်ကာထပ်ပြီးမိနစ်အနည်း ငယ်ကြော်ကာဆယ်ယူပြီးဆီစစ်ထားပါ။ ကျန်သောဆီတွင် ကြက်သွန်ဖြူအနည်းငယ်၊ဂျင်းထောင်းအနည်း ငယ်၊အရာင်မှုန့်အနည်းငယ်တို့ထည့်ကာအနံ့မွှေးလာသည်အထိဆီသတ်ပါ။ကြက်သွန်ဖြူနံ့မွှေးလာပါက မုန့်ညှင်းထည့်ကာမိနစ်အနည်းငယ်ကြော်ပြီးမုန့်ညှင်းအိပါကကြော်ထားသောပဲပြားနဲ့မှိုတို့ထည့်ကာအထက် အောက်မွေပေးပြီး ဖျော်ထားသောအရသာတို့ထည့်ကာရေခမ်းပြီး မိုတို့အိသည်အထိကြော်ပါ။ မှိုတို့နူးပါက အရသာအပေါ့အငံမြည်းကာသုံးဆောင်နိုင်ပါပြီ

https://s9.kh1.co/__image/w=650,h=342,q=100/ec/ecc91b4fb42a7341ec27ec0ff1e774be2161adb6.jpg
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T