Hit Song တွေအများကြီးကိုရေးသားခဲ့တဲ့ ပရိုဂျုဆာသေဆုံးခြင်း

//s9.kh1.co/d5/d5e099c6a4fbd3c16254039098ab758d82ed76c3.jpg
MPT Korea Celebrity

 ၂၄-ဖေ-၂၀၂၄ ၁၁pm · လွန်ခဲ့သော ၅ လ က

Hit Song တွေအများကြီးကိုရေးသားခဲ့တဲ့ ပရိုဂျုဆာသေဆုံးခြင်း

ပရိုဂျုဆာ Shinsadong Tiger ဟာ တောင်ကိုးရီးယားကေပေါ့လောကမှာ အောင်မြင်တဲ့သီချင်းတွေအများကြီးကို ထုတ်လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ နာမည်ကြီးမိန်းကလေးအဖွဲ့ဖြစ်တဲ့ EXID အဖွဲ့ကိုမွေးထုတ်ပေးထားတဲ့ ပရိုဂျုဆာ ဟာ မကြာသေးခင်ရက်ပိုင်းတုန်းက သေဆုံးသွားကြောင်းသတင်းထွက်လာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=540,h=809,q=100/47/47e65fe43825206c2c744ddfd002bad5c375f5a9.png

Shinsadong Tiger ဟာ EXID အဖွဲ့ရဲ့နာမည်ကြီးသီချင်းဖြစ်တဲ့ Up And Down ကိုရေးသားခဲ့တဲ့သူဖြစ်တဲ့အပြင် 4 Minute ရဲ့  Hot Issue နှင့်  TARA ရဲ့  Roly Polyအစရှိတဲ့ သီချင်းတွေကိုပါ ရေးသားထုတ်ဝေခဲ့သူပါ။

https://s9.kh1.co/__image/w=650,h=488,q=100/a9/a96c81f91f7c1432d33099b6556ce6c693a305fe.webp

သူဟာ ၂၀၂၁ တုန်းက မိန်းကလေးအိုင်ဒေါအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TRI.BE ကိုပါမွေးထုတ်ထားခဲ့တာပါ။ လွန်ခဲ့တဲ့ရက်ပိုင်းကတင် TRI.BE အဖွဲ့အတွက် ပရိုမိုးရှင်းတွေကို သူ့ရဲ့အင်စတာဂရမ်ကနေ တင်ပေးနေခဲ့တာပါ။ သေဆုံးရတဲ့အကြောင်းကိုတော့ အခုချိန်ထိမသိရသေးပါဘူး။ TRI.BE အဖွဲ့ကလည်း ဒီသတင်းကြောင့် လတ်တလောလှုပ်ရှားမှုတွေအကုန်လုံးကိုရပ်နားကြောင်းစာတင်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=563,h=748,q=100/26/267de2b16a58e5866cfd7c42253e528625c15e49.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T