လေဆိပ်အတွင်း တိုးဝှေ့နေတဲ့ ပရိတ်သတ်တွေကို အော်ဟစ်ခဲ့တဲ့မင်းသား

//s9.kh1.co/01/01e0cc0f096ab01d83749a365a951323f5024bc9.jpg
MPT Korea Celebrity

 ၂၄-ဖေ-၂၀၂၄ ၁၁pm · လွန်ခဲ့သော ၅ လ က

လေဆိပ်အတွင်း တိုးဝှေ့နေတဲ့ ပရိတ်သတ်တွေကို အော်ဟစ်ခဲ့တဲ့မင်းသား

အနုပညာရှင်တွေအနေနှင့်လေဆိပ်ဆင်းတာ ဒါမှမဟုတ် အပြင်လျှောက်သွားတဲ့အခါမျိုးမှာဆိုရင် ပရိတ်သတ်တွေသာမက သတင်းသမားတွေကပါ ဘေးနားကိုတိုးဝှေ့လာပြီးဓာတ်ပုံရိုက်တာမျိုးလုပ်တတ်ကြပါတယ်။ အနုပညာရှင်တိုင်းဟာ ဒီလိုတွေ့တဲ့အချိန်တိုးဝှေ့တာမျိုးမလုပ်ဖို့ အမြဲမေတ္တာရပ်ခံတတ်ကြပါတယ်။

https://s9.kh1.co/__image/w=563,h=845,q=100/d8/d8780a71c62e57324c79a1ad98f74730890fdd82.png

တရုတ်နိုင်ငံက နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်ဟာလည်းသွားလေရာတိုင်းမှာ ပရိတ်သတ်တွေ သတင်းသမားတွေဝိုင်းအုံတာခံရလေ့ရှိသူပါ။ သူဟာကုမ္မဏီကနေတစ်ဆင့် ပရိတ်သတ်တွေ ဒီလိုမလုပ်ဖို့အကြိမ်ကြိမ်စာထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ပရိတ်သတ်နှင့်ပါပါရာဇီတွေဟာ လေဆိပ်မှာရှေ့ဆက်သွားလို့မရအောင်တိုးဝှေ့ခဲ့ကြတာကြောင့် ရှောင်းကျန့်ကိုရှေ့သွားကြဖို့အော်ဟစ်ပြီးပြောခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=1002,q=100/63/63e51281ab8defaad22115004658f49fd8223c3e.png

ရှေ့သွားကြ ဘာလုပ်နေကြတာလဲ အစဥ်လိုက်သွားလို့မရဘူးလား အစရှိတဲ့စကားစုတွေကိုအော်ဟစ်ပြောနေခဲ့တာဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာတော့ ဒီလိုလွန်လွန်ကဲကဲအနီးကပ်ကြတဲ့ပရိတ်သတ်တွေကို အပြစ်တင်တဲ့မှတ်ချက်တွေပေးထားကြပါတယ်။

https://s9.kh1.co/__image/w=564,h=1001,q=100/93/939817d11f50f73793dbb32e07939fec32e5354d.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T