See- Through ဝတ်စုံကြောင့် ဆိုရှယ်မီဒီယာပေါ်မှာရေပန်းစားနေတဲ့ Hwasa

//s9.kh1.co/7d/7d07b558ea97e6da96cf3b400931d20a878736c9.jpg
MPT Korea Celebrity

 ၂၃-ဖေ-၂၀၂၄ ၁၀am · လွန်ခဲ့သော ၂ လ က

See- Through ဝတ်စုံကြောင့် ဆိုရှယ်မီဒီယာပေါ်မှာရေပန်းစားနေတဲ့ Hwasa

Hwasa ဟာ တောင်ကိုးရီးယားရဲ့နာမည်ကြီးမိန်းကလေးအိုင်ဒေါအဖွဲ့ ဖြစ်တဲ့ MaMaMoo ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ မျက်ရစ်မပါတာ အသားမဖြူတာ တစ်ခြားအိုင်ဒေါတွေလိုမျိုး သွယ်သွယ်လျလျလေးမဖြစ်တာ စတဲ့အကြောင်းတွေကြောင့် Hwasa ဟာပွဲဦးထွက်တုန်းကအတော်လေးဝေဖန်ခံခဲ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=814,q=100/67/67710f7b1704b231217d7c721115c4e837b67c78.png

ဒါပေမဲ့ Hwasa ကတော့ သူ့ပုံစံအတိုင်းနေရင်း အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်သိမ်းပိုက်နေတာပါ။ Hwasa ဟာအရင်ကတည်းက Sexy ကျတဲ့ဝတ်စုံတွေ ဖျော်ဖြေမှုတွေကို မတုံ့မဆိုင်းချပြတတ်သူပါ။ မကြာသေးခင်က ပွဲကိုတက်ရောက်ခဲ့တဲ့ Hwasa ဟာ Sexy ကျတဲ့  See Through ဝတ်စုံဝတ်လာပြီးတော့ ဆိုရှယ်မီဒီယာမှာရေပန်းစားသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=814,q=100/b9/b956909ba25c796926cc5d92ffbb2433b8341f6c.webp

ဝတ်စုံဟာ အနက်ရောင်ရင်ခံနှင့်အတွင်းဝတ်အပေါ်မှာ အနက်ရောင်ဇာစထပ်ချုပ်ထားတာကြောင့် Hwasa ရဲ့ကောက်ကြောင်းအလှကိုကောင်းကောင်းထင်ပေါ်စေပြီးတော့ ကျလွန်းနေတာပါ။ Fashion Week ကို Hwasa  ဟာ Onitsuka Tigerဘရန်းကိုကိုယ်စားပြုပြီးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/1c/1c6fbf91c669c56fdaaa68d2e42031ea0ce64013.webp
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T