အဘိုးအရွယ်ပရိတ်သတ်ကို ဖျော်ဖြေပွဲလာဖို့ဖိတ်ခေါ်ခဲ့တဲ့ အိုင်ယူ

//s9.kh1.co/26/265f0ce529a24b6f73cd4d43c4abe1364d3eb5cf.jpg
MPT Korea Celebrity

 ၂၂-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

အဘိုးအရွယ်ပရိတ်သတ်ကို ဖျော်ဖြေပွဲလာဖို့ဖိတ်ခေါ်ခဲ့တဲ့ အိုင်ယူ

အိုင်ယူဟာတောင်ကိုးရီးယားမှာအကျော်ကြားဆုံးလို့သတ်မှတ်နိုင်တဲ့ တစ်ကိုယ်တော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ကလေးလေးတွေကစလို့ လူကြီးတွေပါသဘောကျကြတဲ့အိုင်ယူဟာ အသက်အရွယ်ကြီးတဲ့ပရိတ်သတ်‌တွေ အများကြီးပိုင်ဆိုင်ထားပါတယ်။ Zev Does K Drama လို့ခေါ်တဲ့ ယူ့ကျု့ချန်နယ်ဟာ အိုင်ယူကိုသဘောကျတဲ့ အဘိုးအရွယ်ပရိတ်သတ်တစ်ယောက်ရဲ့ချန်နယ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/0f/0fe6cdac10d69bd004f2350310b93e73b51994f6.png

အသက်အတော်လေးကြီးနေပြီဖြစ်ပေမဲ့ Zev ဟာ အိုင်ယူရဲ့သီချင်းဗီဒီယိုတွေကို Reaction တွေလုပ်ပြီးတင်လေ့ရှိတာကြောင့် ပရိတ်သတ်တွေကြားမှာနာမည်ကြီးပါတယ်။ မကြာသေးခင်က Zev ကသူ့အနေနှင့် အိုင်ယူ Live သီချင်းဆိုတာကိုမြင်ချင်တာကြောင့်ဖျော်ဖြေပွဲကိုသွားချင်ပေမဲ့ လက်မှတ်ဝယ်ရမယ့်နည်းလမ်းမသိကြောင်းပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=563,h=793,q=100/a7/a77f07f1272b65a9710915fea9a5d6509b7bf528.png

ဒီအကြောင်းကို အိုင်ယူသိသွားပြီးတော့ ပရိတ်သတ်ဖြစ်တဲ့ အဘိုးကို ဖျော်ဖြေပွဲလာဖို့လက်မှတ်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ IU ရဲ့ကုမ္မဏီဖြစ်တဲ့ EDAM Entertainment  ကုမ္မဏီကိုယ်တိုင်က Zev Does K Drama ချန်နယ်မှာကွန်းမန့်ပေးရင်း သူ့အတွက် အမေရိကမှာကျင်းပမယ့်ဖျော်ဖြေပွဲလက်မှတ်ကိုပြင်ဆင်ပေးတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/50/500713193267f6dd9ae78d97044a8052aa5ca89b.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T