လွယ်ကူရိုးရှင်းတဲ့ ပန်းတစ်ပွင့်ပန်းစည်းဒီဇိုင်းလေးများ

//s9.kh1.co/ed/edb293b969d935b740b41c789f4647ccc9394208.jpg
MPT Lifestyle

 ၁၃-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

လွယ်ကူရိုးရှင်းတဲ့ ပန်းတစ်ပွင့်ပန်းစည်းဒီဇိုင်းလေးများ

https://s9.kh1.co/__image/w=564,h=1002,q=100/6b/6b6418fd6eee0743f1cb17819bcbc50ada933105.png

Carnation ပန်းလိုမျိုးပွင့်ဖတ်ကားတဲ့ပန်းပွင့်လေးတွေကို တစ်ပွင့်တည်းစည်းထားခြင်းကလည်း ရိုးရှင်းပြီးတော့လက်ဆောင်ပေးရတာအဆင်ပြေတဲ့ ပန်းစည်းလေးပါ။

https://s9.kh1.co/__image/w=564,h=551,q=100/7d/7dd1518643f188f0bf6c7e78bc71e4c5a9be51d9.png

မိန်းကလေးအများစု သဘောကျတဲ့နှင်းဆီပန်းကို တစ်ခြားအရံပန်းခြောက်လေးတွေဖြည့်ပြီး တစ်ပွင့်တည်းစည်းပေးတာကလည်း ကြည့်ရတာလှသလို တစ်ခြားပန်းလေးတွေပါတာကြောင့် ပန်းစည်းအနေနှင့်လည်း ထည်ဝါတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ 

https://s9.kh1.co/__image/w=564,h=560,q=100/c4/c436ee3ab8b4ddc4896553318dea826bdecdc720.png

ကျုးလစ်တွေကတော့ နဂိုကတည်းကလှတဲ့ပန်းတွေဖြစ်တာကြောင့် တစ်ပွင့်တည်းကို အဆင်ပြေတဲ့စက္ကူနှင့်စည်းပေးလိုက်ရင် လက်ဆောင်ပေးဖို့အဆင်ပြေတဲ့ပန်းစည်းလေးတစ်ခုရလာမှာပါ။ 

https://s9.kh1.co/__image/w=564,h=698,q=100/d6/d68a95f15f874fbb4071866f177be1c85f27bf6e.png

နှင်းဆီကို အရံပန်းတွေမပါဘဲ တစ်ပွင့်တည်းလှလှလေးစည်းလိုက်တာကလည်း ရိုးရှင်းပြီး ဗလာဖြစ်ပေမဲ့ အတော်လေးလှတယ်လို့ယူဆနိုင်တဲ့ပန်းစည်းလေးဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/e7/e7d9c9230ae05874b512ef3ecff694e0773fcbe7.png

နေကြာကြိုက်တဲ့သူတွေအတွက် နံပါတ်တစ်အလိုချင်ဆုံးဖြစ်မယ့်နေကြာပန်းစည်းလေးကို တစ်ပွင့်တည်းစည်းတာကလည်း လှပြီးတော့လွယ်ကူတဲ့ပန်းစည်းလေးတစ်ခုဖြစ်စေမှာပါ။ 

https://s9.kh1.co/__image/w=564,h=564,q=100/db/db818996f73c6d9493b30006c7a44853c459c504.png

ဒေစီပန်းလိုမျိုး အရောင်စုံပြီးအပွင့်ကြီးတဲ့ပန်းလေးတွေကလည်း တစ်ပွင့်တည်းပန်းစည်းလုပ်ရင်တောင် အတော်လေးလှတဲ့ပန်းလေးတွေဖြစ်ပါတယ်။ ဒါ့အပြင် ဒေစီပန်းမကြိုက်တဲ့အမျိုးသမီး မရှိတာကြောင့် အဆင်ပြေတဲ့လက်ဆောင်အဖြစ်သတ်မှတ်နိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T