ဇာတ်လမ်းအဆုံးသတ်မကောင်းဘူးလို့ ပရိတ်သတ်တွေမှတ်ချက်ပေးနေကြတဲ့ Marry My Husband Drama

//s9.kh1.co/02/027286c812a5897079aa206304640c9bf420a4f4.jpg
MPT Korea Celebrity

 ၁၃-ဖေ-၂၀၂၄ ၂pm · လွန်ခဲ့သော ၅ လ က

ဇာတ်လမ်းအဆုံးသတ်မကောင်းဘူးလို့ ပရိတ်သတ်တွေမှတ်ချက်ပေးနေကြတဲ့ Marry My Husband

Marry My Husband ဒရာမာဟာ ဒရာမာမထွက်ခင်ကတည်းက မင်းသမီးဖြစ်တဲ့ ပတ်မင်းယောင်းရဲ့ကာရိုက်တာပုံတွေကြောင့် အတော်လေးလူပြောများခဲ့တာပါ။ ဒရာမာထွက်ပြီးနောက်ပိုင်းမှာလည်း အဓိကဇာတ်ဆောင်မင်းသားတွေအပြင် တစ်ခြား ဇာတ်ပို့တွေကြောင့်ပါ ဇာတ်လမ်းဟာလူစိတ်ဝင်စားမှုတွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=564,h=799,q=100/da/da3a9041e43bd8f012a40616ddfded10a292c548.png

ဒါပေမဲ့ အပိုင်း ၁၃ ရောက်လာတဲ့အချိန်မှာတော့ ဒရာမာဟာဝေဖန်မှုတွေဆက်တိုက်ပေါ်လာခဲ့ပါတယ်။ အကြောင်းကတော့ ဒရာမာဟာ အဆုံးပိုင်းရောက်လာလေဇာတ်လမ်းဟာ အရင်လက်စားချေဇာတ်လမ်းတွေလိုမျိုးအပ်ကြောင်းထပ်လာတာကြောင့်ပါ။

https://s9.kh1.co/__image/w=540,h=810,q=100/fa/faab25716aed7964c189a7baae57b8a6f7ee5d5d.jpg

ဒါ့အပြင် မင်းသားနှင့်မင်းသမီးပျော်ရွှင်ရတဲ့အခန်းတွေသိပ်မရှိတဲ့အပြင် အပိုင်း ၁၆ ပဲရှိပေမဲ့ အခုချိန်ထိ လက်စားမချေနိုင်သေးတာကြောင့် ပရိတ်သတ်တွေက ဇာတ်လမ်းကိုစတင်ပြီးဝေဖန်လာကြတာဖြစ်ပါတယ်။ အပိုင်း ၁၃ ဟာအရင်အပိုင်းတွေထက်ကြည့်ရှုနှုန်းနည်းသွားပြီးတော့ ၁၀% ကျော်ပဲ ကြည့်ရှုနှုန်းရခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=486,q=100/f0/f0dcb54ab1a7dccc2d927f29122bddf5362a27aa.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T