အလွယ်တကူအိပ်မပျော်တာကို ဘယ်လိုကုသကြမလဲ?

//s9.kh1.co/79/79ee117ac24ed6b5c72037960e0363ded3c0df4a.jpg
MPT Lifestyle

 ၁၃-ဖေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၅ လ က

အလွယ်တကူအိပ်မပျော်တာကို ဘယ်လိုကုသကြမလဲ?

နေ့စဥ်ဘဝအရှုပ်အရှင်းတွေကြားမှာ အလွယ်တကူအိပ်မပျော်တာမျိုးဖြစ်လာတယ်ဆိုရင် အိပ်ပျော်နိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးသွားပါမယ်။ အိပ်ပျော်ခြင်းဟာ ခန္တာကိုယ်အတွက်ကောင်းမွန်တဲ့စွမ်းအားတွေကို ပြန်ရနိုင်အောင်လုပ်ပေးတဲ့နည်းလမ်းပါ။ အရင်ဆုံးအိပ်ရာဝင်တာနှင့် အဆင်ပြေပြေအိပ်ပျော်ချင်တယ်ဆိုရင် အိပ်ချိန်ကိုအတည်တကျလုပ်ထားတဲ့အကျင့်ရှိဖို့လိုအပ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=761,q=100/14/1467698e6ac11a47d9a25356edee49931f6fe16c.jpg

အိပ်မယ့်နေရာကို ဆူညံသံနှင့်အလင်းရောင်တွေသေချာမမြင်ရတဲ့ မနှောင့်ယှက်နိုင်တဲ့နေရာဖြစ်အောင်လုပ်ထားသင့်ပါတယ်။ ဒါ့အပြင် အိပ်ရာခင်း ခေါင်းအုံးအစရှိတဲ့အရာတွေကိုလည်း သေချာသန့်ရှင်းအောင်ပြင်ဆင်ထားသင့်ပါတယ်။ အိပ်စက်တဲ့အခန်းရဲ့အပူချိန်နှင့်တစ်ခြားလိုအပ်ချက်တွေကိုလည်း သေချာတွေးထားပြီးတော့ အဆင်ပြေအောင်စီစဥ်ထားမှသာ အိပ်တဲ့အချိန်ကောင်းကောင်းအိပ်ပျော်နိုင်မှာပါ။

https://s9.kh1.co/__image/w=470,h=470,q=100/e5/e5ddd4dc13d375b03baa4abadccad5215f65ad7a.png

ဒါ့အပြင် အိပ်ခါနီးမှာ အစားအသောက်တွေစားတာ အချိုရည်တွေသောက်တာတွေကိုမလုပ်သင့်ပါဘူး။ အကြောင်းကတော့ ဒီလိုတွေလုပ်ခြင်းဟာ အိပ်စက်ခြင်းကိုအတော်လေးထိခိုက်စေမယ့်အပြင် ကျန်းမာရေးအတွက်ပါမကောင်းတာကြောင့်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=564,q=100/bf/bf62f20c8663424b5da87266fdd618eff83e78f8.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T