ငါးသေတ္တာဟာ အရသာရှိပြီးအလွယ်တကူစားလို့ရလို့ အိမ်ရှင်မတိုင်းဝယ်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခါတော့ ဟင်းတစ်ခွက်တည်းနဲ့အရသာရှိစေမဲ့ ထိုင်းစတိုင်ငါးသေတ္တာ၊သင်္ဘောသီးချဉ်စပ်ချက်နည်းလေးပြောပြပေးမှာပဲ ဖြစ်ပါတယ်။ အရသာရှိပြီးဟင်းတစ်ခွက်တည်းနဲ့ ထမင်းမြိန်စေမှာမို့အတူချက်စားကြရအောင်လားမိတ်ဆွေတို့ရေ
ပါဝင်ပစ္စည်းတွေကတော့-
ငါးသေတ္တာဘူး
မန်းကျည်းအနှစ်
သင်္ဘောသီး အစိမ်း
ကြက်သွန်ဖြူ၊နီ
ငရုပ်သီးစိမ်း တို့လိုအပ်ပါတယ်

သင်္ဘောသီးကိုအခွံသင်ပြီးပါးပါးလှီးကာရေစင်အောင်ဆေးထားပါ။ ကြက်သွန်နီကို အခွံနွာကာ ပါးပါးလှီးထားပြီး ငရုပ်သီးစိမ်းကိုရေစင်အောင်ဆေးထားပါ။ ကြက်သွန်ဖြူ၊ နီ၊ ငရုပ်သီးစိမ်း၊ နနွင်းအနည်းငယ်၊ အရောင်မှုန့် အနည်းငယ်၊စိမ်းစားငါးပိအနည်းငယ် တို့ထည့်ကာညက်အောင်ထောင်းထားပါ။အိုးတစ်ခုတွင် ရေအနည်းငယ် ထည့်ကာ ပွက်ပွက်ဆူအောင်တည်ထားပါ

ရေတို့ပွက်ပွက်ဆူပါကထောင်းထားသောကြက်သွန်ဖြူ၊နီ၊ငရုပ်သီးတို့နဲ့အတူ ပါးပါးလှီးထားသော သင်္ဘောသီးထည့်ပါ။ ဆား၊ အချိုမှုန့်၊ပဲငံပြာရည်တို့ကိုလည်း အနည်းငယ်စီထည့်ကာ သင်္ဘောသီးတို့နွမ်းအောင်ချက်ပါ။ သင်္ဘောသီးတို့နွမ်းပါက ငါးသေတ္တာဘူးကိုဖောက်ထည့်ကာ မန်းကျဉ်းမှည့်အနှစ်အနည်းငယ်၊ ထန်းလျက်ရှိပါက ထန်းလျက်အနည်းငယ်ထည့်ပြီးရေခမ်းကာသင်္ဘောသီးတို့အိသည်အထိချက်ပါ။ သင်္ဘောသီးတို့အိပါက အရသာအပေါ့အငံမြည်းကာသုံးဆောင်နိုင်ပါပြီ