မူလတန်းဘွဲ့ရသွားပြီဖြစ်တဲ့ K Pop ရဲ့အသက်အငယ်ဆုံးအိုင်ဒေါ Lim Seowon.

//s9.kh1.co/9f/9f1d320b10b88c1bd8a31560515a0042583e418d.jpg
MPT Korea Celebrity

 ၁၁-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၆ လ က

မူလတန်းဘွဲ့ရသွားပြီဖြစ်တဲ့ K Pop ရဲ့အသက်အငယ်ဆုံးအိုင်ဒေါ Lim Seowon.

ကေပေါ့လောကမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပွဲဦးထွက်တဲ့ အိုင်ဒေါတွေအများကြီးရှိပါတယ်။ အများစုဟာ အသက် ၁၅ ၁၆ အရွယ်မှာတင်ပွဲဦးထွက်ကြပြီးတော့ အိုင်ဒေါအလုပ်ကိုလုပ်ရင်း တစ်ဖက်ကနေ အခြေခံပညာရေးပြီးမြောက်အောင်လုပ်ဆောင်ကြတာပါ။

https://s9.kh1.co/__image/w=640,h=960,q=100/40/401108a428da9544b592b9acd4ffef67e7226611.png

ဒါပေမဲ့ မကြာသေးခင်ကပွဲဦးထွက်ခဲ့တဲ့ UNIS ရဲ့အငယ်ဆုံးလေးကတော့ အခုမှအသက် ၁၃ နှစ်ပဲရှိသေးတာပါ။ အသက် ၁၃ နှစ်ပဲရှိသေးတဲ့ Lim Seowon. ဟာသူ့ရဲ့မူလတန်းပြီးမြောက်ကြောင်းဘွဲ့ကိုလည်း မကြာသေးခင်ရက်ပိုင်းကမှရယူထားခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/85/85c84ec585e51e338130257287ebdcf27262322d.png

Universe Ticket Survival Show ကနေပြီး ပွဲဦးထွက်စာရင်းထဲကိုပါလာတဲ့ Lim Seowon. ဟာအဖွဲ့ထဲကအသက်အကြီးဆုံးဖြစ်သူနှင့်ဆယ်နှစ်တိတိအသက်ကွာနေတာပါ။ ဒါ့အပြင် အခုမှစတင်ပွဲဦးထွက်တာဖြစ်ပေမဲ့ Lim Seowon.  ဟာ One of You ဆိုတဲ့ကိုယ်ပိုင် Fansite ကိုလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ One of You Fansite ဟာ ပြိုင်ပွဲကတည်းက Lim Seowon. ရဲ့ပရိတ်သတ်အဖြစ်ပုံတွေတင်ပေးနေခဲ့တာဖြစ်ပြီး မူလတန်းဘွဲ့အခမ်းအနားမှာပါ ပုံတွေရိုက်လာပြီးတင်ပေးနေတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/5f/5fefb867f9121063c454e5fa2df5a6df4d35a31d.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T