ဆံပင်ခဏခဏညှပ်ခြင်းက ဆံပင်အရှည်မြန်စေသလား

//s9.kh1.co/c6/c67e4efb17e265813923416c1146dea9c870ae9d.jpg
MPT Lifestyle

 ၀၉-ဖေ-၂၀၂၄ ၁pm · လွန်ခဲ့သော ၆ လ က

ဆံပင်ခဏခဏညှပ်ခြင်းက ဆံပင်အရှည်မြန်စေသလား

ဆံပင်ကိုခဏခဏညှပ်ရင် အရှည်ပိုမြန်မယ်ဆိုပြီး လူအများစုကယူဆထားကြပါတယ်။ အမှန်တော့ ဆံပင်အရှည်မြန်ဖို့ဟာ ဆံပင်နှင့်မသက်ဆိုင်ဘဲ ဆံပင်ပေါက်တဲ့ဦးရေပြားအောက်ကအရာနှင့်သာသက်ဆိုင်တာပါ။ ဦးရေပြားကနေထိုးထွက်လာတဲ့ ဆံပင်တွေဟာ နောက်ထပ်အသစ်ထွက်လာမယ့်ဆံသားတွေပေါ်အကျိုးသက်ရောက်မှုမရှိပါဘူး။

https://s9.kh1.co/__image/w=564,h=846,q=100/d8/d801f11a2f5ae3b8010ead96a5afb383a8879e45.png

လူအများစုရဲ့ဆံပင်ဟာ တစ်လကို လက်မဝက်လောက်ရှည်တတ်ပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇအပါအဝင် စားသောက်နေထိုင်မှုတွေကိုလိုက်ပြီးတော့ တစ်ချို့တွေကတော့ တစ်လက်မကျော်လောက်အထိရှည်နိုင်ပါတယ်။ ဆံပင်အရှည်မြန်ဖို့အတွက်ဆို ဆံပင်ကိုခဏခဏညှပ်ပေးတာထက် ဆံသားအားဖြည့်ဆေးနှင့်အစားအသောက်ကိုဂရုစိုက်တာက မှန်ကန်တဲ့နည်းလမ်းပါ။

https://s9.kh1.co/__image/w=564,h=752,q=100/26/266bda68976544e72bf6eb191a0530fa3f55c766.png

ဒါပေမဲ့ ဒီလိုခဏခဏညှပ်ပေးခြင်းဟာ ဆံသားအဖျားတွေနှစ်ခွဖြစ်တာကိုသက်သာစေပြီးတော့ ဆံပင်ကို ပိုပြီးပုံကျလှပစေနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=468,h=311,q=100/0d/0d88e27a2fb92c261698711eaf6495c1f0a24f6d.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T