ကင်ဆာရောဂါသည်တွေအတွက် ဝမ်သန်းတစ်ရာလှူဒါန်းခဲ့တဲ့ မင်းသမီးပတ်မင်းယောင်း

//s9.kh1.co/f7/f7cfcc6a6d2082a9989c4d4232ffdcf1101b5234.jpg
MPT Korea Celebrity

 ၁၀-ဖေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၆ လ က

ကင်ဆာရောဂါသည်တွေအတွက် ဝမ်သန်းတစ်ရာလှူဒါန်းခဲ့တဲ့ မင်းသမီးပတ်မင်းယောင်း

လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Marry My Husband ဒရာမာရဲ့အဓိကမင်းသမီးပတ်မင်းယောင်းဟာ ကင်ဆာရောဂါခံစားနေရသူတွေအတွက် ဝမ်သန်းတစ်ရာလှူဒါန်းမှုလုပ်ခဲ့ပါတယ်။ ဒရာမာထဲမှာ ပတ်မင်းယောင်းဟာ ကင်ဆာရောဂါသည်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် အခုလိုလှုဒါန်းမှုလုပ်ဖြစ်ခဲ့တာလို့ ဆိုထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=780,q=100/87/8789cfc0b10a3c48977eeb25918d07b1950d27b1.png

မင်းသမီးဟာ ဒရာမာထုတ်လွှင့်နေတုန်းမှာလည်း ချစ်သူဟောင်းဖြစ်သူထံကနေ တရားမဝင်ငွေကြေးတွေလက်ခံထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြုံခဲ့ရပါသေးတယ်။ ဒီလှူဒါန်းမှုဟာ ပတ်မင်းယောင်းရဲ့ပထမဆုံးလှူဒါန်းမှုမဟုတ်ပါဘူး။ သူဟာ ၂၀၂၂ နှင့် ၂၀၁၉ ခုနှစ်တွေမှာလည်း လှူဒါန်းမှုတွေလုပ်ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=550,h=735,q=100/f5/f53a883bfd0b737e9b68b17fe216fe2a276213f8.png

လက်ရှိအချိန် Marry My Husband ဒရာမာဟာ တစ်ခြားဒရာမာတွေရဲ့ကြည့်ရှုနှုန်းကိုကျော်လွန်ပြီးတော့ မြင့်မားတဲ့ကြည့်ရှုနှုန်းတွေရနေတာဖြစ်ပါတယ်။ နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ အပိုင်း ၁၂ ဟာဆိုရင် ကြည့်ရှုနှုန်း ၁၃ ရာခိုင်နှုန်းအထိတောင်ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=397,q=100/c6/c647a919eb6853954a55cdc02c5e06fd7a00f2e3.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T