မင်းသား Nam Joo Hyuk ကိုကျောင်းတွင်းအကြမ်းဖက်သူအဖြစ်စွပ်စွဲခဲ့သူနှစ်ယောက် ပြစ်ဒဏ်ချမှတ်ခံရ

//s9.kh1.co/be/beac70e23c1df008a9b1c1351313845e12e4a8ad.jpg
MPT Korea Celebrity

 ၀၉-ဖေ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၆ လ က

မင်းသား Nam Joo Hyuk ကိုကျောင်းတွင်းအကြမ်းဖက်သူအဖြစ်စွပ်စွဲခဲ့သူနှစ်ယောက် ပြစ်ဒဏ်ချမှတ်ခံရ

၂၀၂၂ ဂျူလိုင်လမှာ မင်းသား  Nam Joo Hyuk ဟာကျောင်းနေဖက်တွေကို ကျောင်းတွင်းအကြမ်းဖက်မှုလုပ်ခဲ့တယ်ဆိုပြီး သတင်းတွေတက်လာခဲ့ပါသေးတယ်။ သတင်းတွေအရ မင်းသားအနိုင်ကျင့်တာခံခဲ့ရတယ်ဆိုတဲ့ အမည်မသိလူတစ်ယောက်နှင့် သတင်းထောက်တစ်ယောက်ပေါင်းပြီး ဒီသတင်းကိုဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့သွားအောင်လုပ်ခဲ့တာပါ။

https://s9.kh1.co/__image/w=560,h=800,q=100/cb/cb5b8131c2f0b71581aab14348e1981c02a6ddea.png

သတင်းတွေစထွက်လာကတည်းက မင်းသားရဲ့အေဂျင်စီဖက်ကနေပြီးသတင်းမှားတွေဖြစ်ကြောင်းထုတ်ပြန်ခဲ့သလို အသရေဖျက်မှုနှင့်တရားစွဲသွားမှာဖြစ်ကြောင်းကိုပါ အသိပေးထုတ်ပြန်ခဲ့တာပါ။ နောက်ပိုင်းစစ်ဆေးမှုတွေမှာတော့ သတင်းထောက်နှင့်ကျောင်းနေဖက်တွေရဲ့စကားတွေဟာ အမှန်တရားမဟုတ်ကြောင်းပေါ်ပေါက်လာတာကြောင့် အေဂျင်စီဖက်ကနေ ပြစ်ဒဏ်ချမှတ်ပေးဖို့ တရားစွဲထားပါတယ်။

https://s9.kh1.co/__image/w=564,h=846,q=100/80/801c0048df428a5246756ea5cdcd9e7e4a64e210.png

မင်းသား  Nam Joo Hyukဟာ  Start Up 25 21 တို့လိုမျိုးနာမည်ကြီးဇာတ်ကားတွေရဲ့အဓိကမင်းသားဖြစ်ပြီးတော့ လူငယ်သရုပ်ဆောင်ပိုင်းမှာထူးချွန်တယ်လို့သတ်မှတ်ခံရသူပါ။ လက်ရှိအချိန်မှာတော့ စစ်မှုထမ်းဆောင်နေဆဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=772,q=100/a4/a402efd31130af7f7b81e057fa60fea109576fcc.png
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T