ငရုပ်သီးကြိုက်တဲ့သူတွေအတွက် မြေပဲငရုပ်သီးစပ်စပ်

//s9.kh1.co/6e/6e448cea8ae25ef04c88ebc85e5f535e56cfeef9.jpg
MPT Lifestyle

 ၀၇-ဖေ-၂၀၂၄ ၃pm · လွန်ခဲ့သော ၆ လ က

ငရုပ်သီးကြိုက်တဲ့သူတွေအတွက်မြေပဲငရုပ်သီးစပ်စပ်

ငရုပ်သီးဟာနှုတ်ကိုမြိန်စေပြီးထမင်းစားကောင်းစေလို့ လူအတော်များများနှစ်သက်ကြပါတယ်။ဒီတစ်ခါတော့ ငရုပ်သီးကိုကြိုက်ပြီးငပိနဲ့ကလွဲပြီးဘာနဲ့မှကြော်မစားတတ်တဲ့လူတွေအတွက်မြေပဲငရုပ်သီးစပ်စပ်လေးကြော် စားရအောင်ကြော်နည်းလေးပြောပြပေးမှာပဲဖြစ်ပါတယ်။ ကြော်နည်းမပြောခင်ပါဝင်ပစ္စည်းတွေကတော့-

https://s9.kh1.co/__image/w=650,h=342,q=100/7c/7cea801833c3a2825b93cf5602861b767997b25b.jpg

မြေပဲ၊ ငရုပ်သီးအနီတောင့်/ကြက်သွန်ဖြူ/ကိုရီးယားဆော့စ်အချဉ်/အကြော်မှုန့် - တို့လိုအပ်ပါတယ်

ပန်းကန်တစ်လုံးထဲသို့သကြားအနည်းငယ်၊ ပဲငံပြာရည်အနည်းငယ်၊ကိုရီးယားဆော့စ်အနည်းငယ်တို့ကိုရောကာ မွေထားပါ။ငရုပ်သီးကိုရေဆေးကာဓားဖြင့်နုတ်နုတ်လှီးထားပါ။ ကြက်သွန်ဖြူ ကိုလည်းဓားဖြင့်နုတ်နုတ်စင်းထား ပါ။လှီးထားသောကြက်သွန်ဖြူကိုဆီအနည်းငယ်ထည့်ကာအနည်းငယ်အနံ့မွှေးသည်အထိကြော်ပါ။ကြက်သွန်ဖြူအနံ့မွှေးလာပါက ငရုပ်သီးထည့်ကာမိနစ်အနည်းငယ်ကြော်ပါ

https://s9.kh1.co/__image/w=650,h=342,q=100/8b/8bc3986de9af5e71c19e2ff849d810eab397fe46.jpg

ငရုပ်သီး၊ကြက်သွန်တို့အနေတော်ရဲလာပါကဆီစစ်ပြီးဆယ်ထားပါ။ ကျန်ဆီထဲသို့မြေပဲကို အကြော်မှုန့် အနည်း ငယ်ဖြူးပြီးထည့်ကာကြော်ပါ၊ မြေပဲကျက်ပါက ဖျော်ထားသောဆောစ့်ထည့်ကာ ဆော့စ်တိုခမ်းလာပါက ကြော် ထားသောကြက်သွန်ဖြူနဲ့ ငရုပ်သီးတို့ထည့်မွေပြီးမိနစ်အနည်းငယ်ကြော်ပါ။မြေပဲတို့ကျက်ကာ မိမိနှစ်သက်သော အနေအထားရပါက အအေးခံကာသုံးဆောင်နိုင်ပါပြီ

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T