Cheon-nyeon-dol ဆိုတာ ထူးခြားပြီးတော့ အနှစ်တစ်ထောင်မှတစ်ယောက်လောက်ပဲပေါ်ထွက်လာနိုင်တဲ့ လူကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကေပေါ့အိုင်ဒေါလောကမှာ ဒီလိုလူအဖြစ်သတ်မှတ်ခံရတဲ့ အိုင်ဒေါနှစ်ယောက်တည်းပဲရှိပါတယ်။
(၁) G Dragon
GD ဟာ ကေပေါ့ရဲ့လက်ရှိ Trend တွေအကုန်နီးပါးကိုလမ်းခင်းပေးခဲ့တဲ့ အမိုက်စား အိုင်ဒေါတစ်ယောက်ပါ။ သူ့ရဲ့အဆိုစွမ်းရည် အရည်အချင်းတွေနှင့်အတူ အကောင်းဆုံးသီချင်းတွေကိုရေးသားထုတ်ဝေနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒီလိုဂီတနှင့်ပတ်သက်တဲ့အလုပ်တွေအပြင် ဖက်ရှင်လောကမှာပါ GD ရဲ့လွှမ်းမိုးမှုဟာကြီးမားပါတယ်။ နိုင်ငံတကာဇိမ်ခံဘရန်းတွေကို ကေပေါ့လောကထဲပထမဆုံးခေါ်လာခဲ့တာဟာ GD ပါ။ ဒါ့အပြင် ဘရန်းတွေနှင့်ပူးပေါင်းတာ ကိုယ်ပိုင်စီးပွားရေးကိုအိုင်ဒေါအလုပ်နှင့်အတူလုပ်တာအစရှိတဲ့ ကေပေါ့ရဲ့ Trend တော်တော်များများဟာ GD စတင်ဖန်တီးခဲ့တဲ့အရာတွေဖြစ်ပါတယ်။
(၂) Jung Wooyoung
Produce 48 ကနေစပြီးနာမည်ကြီးလာခဲ့တဲ့ Wooyoung ဟာ အခုဆိုရင် IVE အဖွဲ့ဝင်တစ်ယောက်အနေနှင့်နာမည်ကြီးနေပြီဖြစ်ပါတယ်။ Wooyoung ဟာ ပြိုင်ပွဲမှာကတည်းက သူ့ရဲ့ထူးခြားတဲ့ရုပ်ရည် အဆိုအကစွမ်းရည်တွေကြောင့် လူတိုင်းအသိအမှတ်ပြုချီးကျုးခဲ့ရသူပါ။ ဒါ့အပြင် အိုင်ဒေါအဖြစ်ပွဲဦးထွက်ပြီးနောက်ပိုင်းမှာလည်း ကြွေရုပ်လိုမျိုးရုပ်ရည်နှင့် အဆိုစွမ်းရည်ကြောင့်နာမည်ကြီးတဲ့ Wooyoung ဟာအခုဆိုရင် ထိပ်တန်းဘရန်းတွေအများကြီးနှင့်လက်တွဲပြီးတော့ အောင်မြင်တဲ့အိုင်ဒေါတစ်ယောက်အနေနှင့်ရပ်တည်နေပါတယ်။