JAY PARK
2PM အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Jay Park ဟာ အဖွဲ့ခေါင်းဆောင်အဖြစ်လုပ်ကိုင်နေရာကနေ ဝေဖန်မှုတွေကြုံလာရတာကြောင့် ထွက်ပြီးတစ်ကိုယ်တော်အဖြစ်လှုပ်ရှားခဲ့တဲ့သူဖြစ်ပါတယ်။ Jay Park ဟာတစ်ကိုယ်တော်အဖြစ်လည်း ပရိတ်သတ်တွေရဲ့အသိအမှတ်ပြုမှုနှင့် အောင်မြင်မှုတွေကို အများကြီးလက်ခံနေရတဲ့သူပါ။

B.I
iKON အဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ B.I ဟာလည်း အဖွဲ့ထဲကနေထွက်ပြီးနောက်ပိုင်းမှာ တစ်ကိုယ်တော်အဖြစ်အောင်မြင်နေတဲ့သူဖြစ်ပါတယ်။ အဖွဲ့မှာရှိချိန်ကတည်းက အဖွဲ့သီချင်းအများစုကိုရေးပေးခဲ့တဲ့ B.I ဟာတစ်ကိုယ်တော်အနေနှင့်လည်း အောင်မြင်တဲ့သီချင်းတွေအများကြီးကိုရေးသားခဲ့ပါတယ်။

HyunA
Wonder Girls အဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ HyunA ဟာကျန်းမာရေးကြောင့်အဖွဲ့ထဲကနေထွက်လာခဲ့ပေမဲ့ နောက်ပိုင်းမှာတစ်ကိုယ်တော်အဆိုတော်အဖြစ် တောက်လျှောက်အောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။

Sunmi
နောက်ထပ် Wonder Girls ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sunmi ကလည်းပဲ အဖွဲ့ထဲကနေထွက်ပြီးအနားယူခဲ့ပေမဲ့ နောက်ပိုင်းမှာတစ်ကိုယ်တော်အဆိုတော်အဖြစ် အောင်မြင်ခဲ့ပါတယ်။ Hit Song တွေအများကြီးဆိုခဲ့တဲ့အပြင် ကျောင်းပွဲတော်တွေနှင့် Festival တွေရဲ့ဖျော်ဖြေမှုဘုရင်မအဖြစ်ပါသတ်မှတ်ခံခဲ့ရတာပါ။

Dawn
Pentagon အဖွဲ့ကနေထွက်ပြီး တစ်ကိုယ်တော်အဖြစ်ရပ်တည်ခဲ့တဲ့ Dawn ဟာလည်းအောင်မြင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
