ဒီဟင်လေးကတော့ အသားငါးမစားတဲ့သူတွေ အတွက် အရမ်းကောင်းတဲ့ ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းမများပဲ အရသာရှိပြီးအားပြည့်စေလို့ အိမ်မှာ လွယ်လယ်ကူကူနဲ့ အတူလိုက်ချက်စားကြည့်နော်။
ပါဝင်ပစ္စည်းတွေကတော့-/ကုလားပဲ/ကြက်သွန်ဖြူ/နီ
ဇီရာ/ငရုပ်သီးခြောက်/ခရမ်းချင်သီး တို့ပဲဖြစ်ပါတယ်။
(ကုလားပဲနှပ်ချက်ရာမှာ ပဲနူးလွယ်စေဖို့အတွက် ပဲအလုံးဆိုရင်တော့ တစ်ညလောက်ရေကြိုစိမ်ပေးဖို့ လိုပြီး ကုလားပဲဆန်ဆိုရင်တော့ နှစ်နာရီခန့်ရေကြိုစိမ်ပေးဖို့လိုပါတယ်။)

ပထမအနေနဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းကာ ကြက်သွန်နီကိုပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကို ကတ်ကြေးဖြင့်ကိုက်ထားပေးပါ။ ပြီးလျှင်တော့ ဒယ်အိုးတွင်ဆီထည့်ကာ ကြက်သွန်ဖြူ အရောင်မှုန့်၊ နနွင်းမှုန့် တို့ကို ဆီသတ်ပါ။ ကြက်သွန်ဖြူအနံ့မွှေးလာပါက ငရုပ်သီးခြောက်နဲ့ ကြက်သွန်နီ နဲ့ ပျဉ်းတော်သိမ်ရွက် အနည်းငယ် ကို အနံ့မွှေးသည်အထိဆီသတ်ပါ။

ပြီးနောက် ခရမ်းချဉ်သီးထည့်ကာအနှစ်ကျသည်အထိဆီသတ်ပေးပါ။ ခရမ်းချဉ်သီး အနှစ်ရပါက အရသာမှုန့်၊ ဆား၊ ပဲငံပြာရည်၊ ငရုပ်ကောင်း၊ မဆလာတို့ထည့်ကာမိနစ်အနည်းငယ်ခန့်မွှေပေးပါ ရေစိမ်ထားသောပဲကိုထည့်ကာ ရေနွေ ပူပူထည့်ပြီး နူသည်အထိချက်ပေးပါ။ ကုလားပဲများနူးလာပါက အရသာပေါ့အငံမြည်းကာ နံနံပင်အုပ်ပြီး စားသုံးရန်အဆင့်သင့်ဖြစ်ပါပြီ။