BlackPink အဖွဲ့ဝင်တွေဟာ အင်္ဂလန်တော်ဝင်မိသားစုရဲ့ဖိတ်ကြားချက်အရ ဘက်ကင်ဟမ်နန်းတော်မှာကျင်းပတဲ့ ကိုးရီးယားနိုင်ငံတော်ဧည့်ခံပွဲကိုတက်ရောက်ခဲ့ကြပါတယ်။ ညစာစားပွဲမိန့်ခွန်းမှာ ချားလ်ဘုရင်ကိုယ်တိုင်က အဖွဲ့ဝင်တစ်ယောက်ချင်းစီကို နာမည်ခေါ်ပြီးအသိအမှတ်ပြုချီးကျုးခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ BlackPink အဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီဆုဟာ အနုပညာရှင်တွေသက်သက်ကိုချီးမြှင့်တဲ့ဆုမဟုတ်ဘဲ ပတ်ဝန်းကျင်နှင့်ကမ္ဘာကြီးအပေါ်ကောင်းတဲ့လွှမ်းမိုးမှုတွေပေးတဲ့သူတွေကို ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ဂုဏ်သိက္ခာမြင့်မားတဲ့ဆုဖြစ်တာကြောင့် ဆုရရှိသူတွေတန်ဖိုးထားရတဲ့ဆုပါ။

အနုပညာရှင်အနေနှင့်ဆို အခုချိန်အထိ လေးယောက်လောက်ပဲရဖူးသေးတာဖြစ်ပါတယ်။ The Beatles Adele Ed Sheeren တို့ပဲရဖူးသေးတဲ့ ဆုဖြစ်ပါတယ်။ ချားလ်ဘုရင်ဟာ တောင်ကိုးရီးယားသမ္မတနှင့် သမ္မတကတော်တို့ကိုဧည့်ခံတဲ့ပွဲမှာ သူကိုယ်တိုင် BlackPink အဖွဲ့ကိုဖိတ်ခေါ်ပြီးအသိအမှတ်ပြုခဲ့တာလည်းဖြစ်ပါတယ်။
