BTS အဖွဲ့ဝင် သုံးယောက်ဟာလက်ရှိအချိန်မှာစစ်မှုထမ်းဆောင်နေကြတာဖြစ်ပြီး အငယ်ပိုင်းလေးယောက်ဟာလည်း အခုဆိုရင်စစ်မှုထမ်းဖို့လုပ်ငန်းစဥ်တွေလုပ်ဆောင်နေကြပြီလို့သိရပါတယ်။ BigHit ရဲ့ထုတ်ပြန်ချက်အရ RM Jimin V နှင့် Jungkook တို့ဟာလက်ရှိအချိန်မှာ စစ်မှုထမ်းဆောင်ဖို့အတွက် စာတွေတင်ထားကြပြီလို့သိရပါတယ်။
မကြာခင်မှာ လေးယောက်လုံးစစ်မှုထမ်းဆောင်သွားနိုင်ခြေရှိပါတယ်။ Jin Suga J-Hope တို့ကတော့ လက်ရှိစစ်မှုထမ်းဆောင်နေတာဖြစ်ပြီး အစောဆုံးစစ်မှုထမ်းခဲ့တဲ့ Jin နှင့် J-Hope တို့ကတော့ မကြာခင်မှာတာဝန်ပြီးကြတော့မှာဖြစ်ပါတယ်။
မန်ဘာတွေအကုန်လုံးဟာ ၂၀၂၅ မှာအဖွဲ့လိုက်ပြန်ပြီးလှုပ်ရှားမှုတွေဆက်လုပ်သွားကြမှာဖြစ်ပါတယ်။ အဖွဲ့အနေနှင့်လည်း စာချုပ်သက်တမ်းတိုးထားတာကြောင့် ပရိတ်သတ်တွေကတော့ ၂၀၂၅ မှပဲ BTS အဖွဲ့ကိုပြန်ပြီး အဖွဲ့ဝင်စုံစုံလင်လင်နှင့်တွေ့ရမှာဖြစ်ပါတယ်။