အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့ကြတဲ့ ကေပေါ့အိုင်ဒေါများ

//s9.kh1.co/85/859b05a49a250be0a8612e16ead3e35d7a3fff8c.jpg
MPT Korea Celebrity

 ၂၀-နို-၂၀၂၃ ၁pm · လွန်ခဲ့သော ၈ လ က

အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့ကြတဲ့ ကေပေါ့အိုင်ဒေါများ

(၁) Moon Bin

မွန်ဘင်းရဲ့ရုတ်တရက်သေဆုံးမှုဟာ ကေပေါ့လောကတစ်ခုလုံးကိုအကြီးအကျယ်ကိုင်လှုပ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။ သေဆုံးချိန်မှာအသက် ၂၅ နှစ်ပဲရှိသေးတဲ့ မွန်ဘင်းဟာ တစ်ခြားကေပေါ့အဖွဲ့‌တွေနှင့်လည်း အများကြီးရင်းနှီးပြီး လူချစ်လူခင်ပေါများတဲ့သူဖြစ်ပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကတော့ ကျန်းမာရေးကြောင့်ဖြစ်ပြီး အတိအကျကိုတော့ မိသားစုဝင်တွေရဲ့ဆန္ဒအရထုတ်ပြန်ထားခြင်းမရှိပါဘူး။

https://s9.kh1.co/__image/w=564,h=789,q=100/54/54a508808aa3e7d55fdcb33a46912a0e275f1f5a.jpg

(၂) Jonghyun

ကျော်ကြားတဲ့အဖွဲ့ တစ်ခုဖြစ်တဲ့ Shinee  ရဲ့အဓိကအဆိုရှင်အဖွဲ့ဝင် Jonghyun ဟာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နှင့်သေဆုံးသွားခဲ့ရသူဖြစ်ပါတယ်။ Jonghyun ဟာ ဆိုးလ်မြို့ကသူ့ရဲ့နေအိမ်မှာ ဓာတ်ငွေ့တွေရှူမိပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရဲတွေဖက်ကစစ်ဆေးချက်အရ သတ်သေတာဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=564,h=856,q=100/5f/5fb6091a599f389af81b48b72a1bf9d7e302790a.jpg

(၃) Sulli

၂၀၁၉ ခုနှစ်ဟာ ကေပေါ့ကြိုက်သူတွေအတွက် တစ်ကယ်ကိုဝမ်းနည်းစရာနှစ်ဖြစ်ပါတယ်။ f(x) အဖွဲ့ဝင်ဖြစ်ပြီးသရုပ်ဆောင်အဖြစ်ပါအောင်မြင်နေတဲ့ Sulli ဟာသူ့ကိုယ်သူ ကြိုးဆွဲချပြီးအဆုံးစီရင်ခဲ့ပါတယ်။ ဆောလီဟာ သူ့ရဲ့ပွင့်လင်းတဲ့နေထိုင်မှုကြောင့် ဝေဖန်ပြစ်တင်မှုနှင့် အမုန်းစကားတွေအများကြီးခံခဲ့ရသူပါ။ သေဆုံးချိန်မှာ 25 နှစ်ပဲရှိသေးတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=1114,q=100/4f/4f37c779bc9a9e1d153312fdd58b2a7c2dcffd87.jpg

(၄) Goo Hara

Sulli သေဆုံးပြီးမကြာခင်မှာပဲ Goo Hara ဟာလည်းကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူရဲ့ အကြမ်းဖက်မှုတွေကြောင့် တရားရင်ဆိုင်ရင်း ဝေဖန်မှုတွေခါးစည်းခံခဲ့ရတဲ့ Goo Hara ဟာနောက်ဆုံးမှာတော့ သတ်သေသွားဖို့ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/ea/eae7be479e5f76140b99ad9bf1f34a5a35f802bf.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T