G Dragon နှင့် Big Bang စတင်ပေးခဲ့တဲ့ K Pop ရဲ့ အဓိကအရာများ

//s9.kh1.co/ed/edfcab50a0e94c347dc00121a845fb2acfee7b5c.jpg
MPT Korea Celebrity

 ၁၉-နို-၂၀၂၃ ၃pm · လွန်ခဲ့သော ၅ လ က

G Dragon နှင့် Big Bang စတင်ပေးခဲ့တဲ့ K Pop ရဲ့ အဓိကအရာများ

GD နှင့်  BigBang တို့ဟာ ကေပေါ့ရဲ့တစ်ခေတ်ဆန်းသစ်တဲ့နေရာမှာ အဓိကကျတဲ့နေရာကနေပါဝင်ခဲ့ကြတာပါ။ သူတို့စတင်လုပ်ခဲ့ပြီး အခုချိန်မှာ ကေပေါ့လောကအတွက် မရှိမဖြစ်ဖြစ်နေပြီဖြစ်တဲ့အရာတွေကို ဖော်ပြသွားပါမယ်။

(၁) Lightstick

အခုချိန်မှာ ကေပေါ့အဖွဲ့တွေတိုင်းမှာ lightstick ဟာမရှိမဖြစ်အရာတစ်ခုဖြစ်လာပါပြီ။ ဒီ lightstick ကိုပထမဆုံးစတင်ဖန်တီးခဲ့တဲ့သူကတော့ GD ဖြစ်ပြီးတော့ ဖျော်ဖြေပွဲတွေမှာ BigBang ရဲ့ပရိတ်သတ်တွေကိုသီးသန့်ကွဲထွက်နေစေချင်တာကြောင့် ဖန်တီးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/3e/3e8bcc033e0ff58ddee1593004fe5e97b771cfdb.jpg

(၂) Airport Fashion

အရင်တုန်းကအိုင်ဒေါတွေ လေဆိပ်ဆင်းတာနှင့်ပတ်သက်ပြီးဘယ်သူမှ တစ်ခုတ်တရ သတိမထားမိပေမဲ့ GD ရဲ့ထူးခြားတဲ့လေဆိပ်ဖက်ရှင်တွေဟာ အိုင်ဒေါတွေကြားမှာ လေဆိပ်ဖက်ရှင်ကိုအစပြုခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=735,q=100/12/12a44bc9329a05e58ff8bb1876e0aa0b836e97b3.jpg

(၃) Solo Activities

အဖွဲ့တစ်ခုဟာအဖွဲ့မကွဲသေးဘဲ တစ်ယောက်ချင်းတစ်ကိုယ်တော်လှုပ်ရှားမှုတွေလုပ်တာကလည်းပဲ Big Bang ကနေစတင်ခဲ့တာပါ။ အစောပိုင်းအိုင်ဒေါအဖွဲ့တွေဟာ တစ်ကိုယ်တော်ကို သီးသန့်လုပ်ခွင့်မရှိကြပါဘူး။

https://s9.kh1.co/__image/w=650,h=650,q=100/a7/a784ccca780f302ddd8d3a92fc445bd4b8c57878.jpg

(၄) Mini Album Series

အိုင်ဒေါတွေဟာ သီချင်းဆိုရုံတင်မကဘဲတစ်ခြားအလုပ်တွေပါလုပ်ရတာကြောင့် သီချင်းအများကြီးပါတဲ့ Full Album တွေကိုနှစ်တိုင်းမထုတ်နိုင်ကြပါဘူး။ ဒါကြောင့် မီနီအယ်လ်ဘမ်လေးတွေကိုစီးရီးလိုက်ထုတ်ကြလေ့ရှိပြီးတော့ ဒီအလေ့အထကလည်း Big Bang အဖွဲ့ကနေစတင်ပေးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/96/96d1827c05df58b1b90dc6dd75e95ad88fd2138f.jpg

(၅) Brand Ambassador

GD မတိုင်ခင်က ဘယ်အိုင်ဒေါကမှ နိုင်ငံတကာဖက်ရှင်လမ်းကြောင်းတွေပေါ်မှာ ယှဥ်ရပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ GD ဟာအစောပိုင်းကတည်းက ထိပ်တန်းဘရန်းတွေဖြစ်တဲ့ Chanel နှင့် Nike တို့လိုမျိုးဘရန်းတွေနှင့်အတူလက်တွဲပြီးလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=840,q=100/ab/abe9cadd011109948eca084df034127f9768d199.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T