Seventeen အဖွဲ့ဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရမယ့်ကျောင်းသားတွေအတွက် အားပေးစကားကို သူတို့ရဲ့သီချင်း Fighting ကိုဆိုရင်းပြောပေးခဲ့တာဖြစ်ပါတယ်။

New Jeans အဖွဲ့ကလည်း ကောလိပ်ဝင်ခွင့်ဖြေနေရတဲ့ကျောင်းသားတွေအတွက် ကောင်းကောင်းဖြေနိုင်ဖို့နှင့် ရလာဒ်ကောင်းတွေပိုင်ဆိုင်ဖို့အားပေးစကားပြောပေးခဲ့တာပါ။

နောက်ထပ် Pledis ကုမ္မဏီက အိုင်ဒေါသရုပ်ဆောင်ဖြစ်တဲ့ Hawng Minhyun ကလည်း ကျောင်းသားတွေအတွက်အားပေးစကားဗီဒီယိုလေးပေးပို့ထားပါသေးတယ်။

မိန်းကလေးအိုင်ဒေါအဖွဲ့တစ်ခုဖြစ်တဲ့ formis-9 ကလည်း စာမေးပွဲဖြေဆိုနေတဲ့ကျောင်းသားတွေအတွက် အားပေးစကားပြောထားတဲ့ ဗီဒီယိုလေးကိုတင်ပေးပြီး အားပေးထားတာပါ။

TXT အဖွဲ့ဝင်တွေကလည်း တစ်ခြားအဖွဲ့တွေလိုပဲ ကောလိပ်ကျောင်းသားတွေကိုအားပေးစကားပြောထားတာဖြစ်ပါတယ်။

Boynextdoor အဖွဲ့ကလည်း သူတို့ရဲ့သီချင်းကိုအသုံးပြုပြီးတော့ စာမေးပွဲဖြေမယ့်ကျောင်းသားတွေကို အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။

တစ်ခြား အဆိုတော်နှင့်သရုပ်ဆောင်တွေကလည်း ၂၀၂၄ ကောလိပ်ဝင်ခွင့်စားမေးပွဲဖြေမယ့် ကျောင်းသားတွေအတွက် ဆုတောင်းစကားနှင့်အားပေးစကားတွေပြောထားပါသေးတယ်။