EXO အဖွဲ့ဝင် D.O ဟာ အိုင်ဒေါတစ်ယောက်အနေနှင့်တင်မကဘဲ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနှင့်ပါအောင်မြင်နေတဲ့သူဖြစ်ပါတယ်။ မင်းသားတစ်ယောက်အနေနှင့် ဇာတ်လမ်းကောင်းတွေအများကြီးရိုက်ကူးထားပြီးတော့ သရုပ်ဆောင်ထူးချွန်ဆုတွေမှာပါ ဆန်ကာတင်နေရာတွေရထားပါတယ်။

D.O ဟာ ပထမဆုံးဗီလိန်ဇာတ်ရုပ်အနေနှင့် Sculpture City ဆိုတဲ့ဇာတ်ကားကိုလက်ခံရိုက်ကူးသွားမှာဖြစ်ပါတယ်။ တွဲဖက်မင်းသားကတော့ နာမည်ကြီးမင်းသား Ji Chang Wook ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ သာမာန်လူငယ်တစ်ယောက်[m ဘဝပျက်သွားအောင်ကြံစည်ခံလိုက်ရပြီး ပြန်လက်စားချေဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ D.O ကတော့ လူတွေကိုအရှင်လတ်လတ်ငရဲကျနေအောင်ဖန်တီးတတ်တဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေပါဝင်မှာဖြစ်ပါတယ်။

