ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဒူးရင်းပင်တွေရှိတဲ့ဘက်မှာ နေမယ်ဆိုတဲ့သူတွေအတွက် ဒူးရင်းသီးက ကျန်းမာရေးအတွက် ဘာတွေဆိုးစေလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။
သကြားဓာတ်ပါဝင်မှုမြင့်မားခြင်း

ဆီးချို၊ သွေးချို ဝေဒနာရှင်တွေအနေနဲ့ ဒူးရင်းသီးကို တစ်ထိုင်တည်းနဲ့ အများကြီးစားမိရင် သွေးတွင်း သကြားဓာတ် မြင့်တက်မှု ကြုံရနိုင်ပါတယ်။
အပူစာအသီး

တရုတ်ဆေးပညာအလိုအရ ဒူးရင်းသီးကို အပူစာအသီးအုပ်စုထဲမှာ ထည့်ထားပြီး အများကြီးစားရင် လည်ချောင်းနာတာ၊ ခံတွင်းနာတွေဖြစ်တာ၊ ဝမ်းချုပ်တာနဲ့ သလိပ်ထတာတွေဖြစ်စေတတ်တယ်လို ဆိုပါတယ်။ကယ်လိုရီပါဝင်မှုမြင့်မားခြင်း

ဒူးရင်းသီး ၆၀၂ ဂရမ် (၃၆ ကျပ်သားခန့်) မှာ ၈၈၅ ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် တစ်နေ့တာစားသုံးသင့်တဲ့ ပျမ်းမျှကယ်လိုရီပမာဏရဲ့ ၄၄ ရာခိုင်နှုန်းထိ စားသုံးပြီး ဖြစ်သွားစေပါတယ်။
ဒါပေမဲ့ မနေ နိုင်ဘူး၊ စားကိုစားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေသက်သာစေဖို့ စားပြီးရင် ရေများများသောက်ပေးဖို လိုပါတယ်နော်။