Ghosting လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲ?

//s9.kh1.co/04/043ad72d999df0a3d95edb67f58f691ebfc294cd.jpg
MPT Lifestyle

 ၀၁-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

Ghosting လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲ?

ဆက်ဆံရေးတွေမှာ တစ်ဖက်ပါတနာဖြစ်သူကို အသိပေးခြင်းမရှိဘဲပျောက်ကွယ်သွားခြင်းက Ghosting လုပ်တာပဲဖြစ်ပါတယ်။ ချစ်သူဆက်ဆံရေး ဒါမှမဟုတ် သူငယ်ချင်းတွေကြားမှာလည်း ရုတ်တရက်အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ အဆက်အသွယ်အကုန်လုံးကိုဖြတ်တောက်ပစ်ပြီး ပျောက်ကွယ်သွားတာမျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=474,q=100/7c/7cb17de17acf2bfafe603946d637ede5992f435e.png

ဒီလို Ghosting လုပ်ခြင်းက တစ်ဖက်လူကိုမလေးစားရာကျတဲ့အပြင် မကောင်းတဲ့ခံစားချက်နှင့်လွှမ်းမိုးမှုတွေရှိစေပါတယ်။ အများအားဖြင့် လမ်းခွဲစကားပြောရမှာကိုမကြိုက်တဲ့သူတွေ မပြောရဲတဲ့သူတွေနှင့် ဆက်ဆံရေးကိုအလေးမထားတဲ့သူတွေဟာ ဒီလိုတိတ်တဆိတ်ပျောက်ကွယ်သွားပြီး လမ်းခွဲရတာကသူတို့အတွက် အကောင်းဆုံးလမ်းခွဲနည်းဖြစ်တယ်လို့ခံယူထားကြတာဖြစ်ပါတယ်။ ဒီလို လမ်းခွဲတာမျိုးကို အင်တာနက်လိုမျိုးနေကနေစတင်တွေ့ဆုံပြီး ချစ်ကြိုက်ကြတဲ့အတွဲတွေဆီမှာအများဆုံတွေ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=414,q=100/21/21976d4cd5c6126102f6ab0a1d5422862a168795.jpeg

Ghosting လုပ်တဲ့သူအနေနှင့် လုပ်လိုက်ခြင်းအားဖြင့် ဖြေရှင်းရမယ့် ပြဿနာတွေ စကားများမှုတွေ ဒေါသတွေကို မကြုံတွေ့ရဘဲ အေးဆေးအဆုံးသတ်နိုင်တဲ့နည်းလမ်းလို့ယူဆထားတတ်ကြပါတယ်။ ဒါပေမဲ့ Ghosting ခံရတဲ့သူအတွက်တော့ ဘာဖြစ်သွားမှန်းတောင် သေချာမသိလိုက်တဲ့အချိန်မှာ ဆက်ဆံရေးတစ်ခုလုံးက တုံးတိကြီးအဆုံးသတ်သွားသလိုဖြစ်နေမှာပါ။ ဒါ့အပြင် အကြောင်းအရင်းတစ်စုံတစ်ရာမှလည်း သေချာမသိရတာကြောင့် စိတ်ထဲမတင်မကျဖြစ်နေပြီး အချိန်အကြာကြီးခံစားရနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=375,h=575,q=100/f3/f3904dfe8db8a315f4edd13f0c4f3f081d1986d0.png

လက်ရှိအချိန်လို ဆက်ဆံရေးတွေနှင့်ပတ်သက်ပြီး ပွင့်လင်းလွန်းတဲ့အချိန်ဖြစ်နေတာတောင် Ghosting ကို လမ်းခွဲခြင်းနည်းလမ်းတစ်ခုအဖြစ်အသုံးပြုနေကြတဲ့သူတွေရှိပါတယ်။ ဆက်ဆံ‌ရေးပညာရှင်တွေရဲ့ သုံးသပ်ချက်အရတော့ ဒီနည်းလမ်းကိုသုံးပြီး လမ်းခွဲကြတဲ့သူအများစုဟာ ဆက်ဆံရေးတွေနှင့်ပတ်သက်တဲ့ စိတ်ဒဏ်ရာလိုမျိုးရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/11/11a84b56df0cb0289e2d386316f2e38111405a13.webp
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T