ပွဲဦးမထွက်ခင်ကတည်းက ဝေဖန်ခံနေရတဲ့ BABYMONSTER အဖွဲ့ဝင် Ahyeon

//s9.kh1.co/a4/a47642d91ee48a1eeecdde53a7e2573bab63f4c4.jpg
အနုပညာရှင်များ

 ၀၁-ဇွန်-၂၀၂၃ ၁pm · လွန်ခဲ့သော တစ်နှစ် က

YG ရဲ့တုံ့ပြန်မှုမရှိခြင်းကြောင့် ပိုဒေါသထွက်နေရတဲ့ ပရိတ်သတ်များ

YG ကုမ္မဏီကနေပြီးတော့ မကြာသေးခင်ကကြေညာခဲ့တဲ့အဖွဲ့အသစ်ဖြစ်တဲ့ BABYMONSTER ကတော့ လက်ရှိအချိန်ပရိတ်သတ်တွေအစောင့်မျှော်ဆုံး အဖွဲ့သစ်တစ်ဖွဲ့ပဲဖြစ်ပါတယ်။ စီနီယာဖြစ်တဲ့ BlackPink တို့လိုမျိုးကမ္ဘာတစ်လွှားကိုထိုးဖောက်နိုင်မလားဆိုပြီး စောင့်ကြည့်နေကြတဲ့ BABYMONSTER ဟာပွဲဦးမထွက်ရသေးခင်မှာပဲ အကြီးအကျယ်ဝေဖန်ခံနေရပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/0d/0d871691296a6c04efc793e8164c0e4942605b29.webp

BABYMONSTER အဖွဲ့ဝင်ဖြစ်တဲ့ Ahyeon ဟာ ကျောင်းကပွဲတစ်ခုမှာ သီချင်းတစ်ပုဒ်ကို ဖျော်ဖြေခဲ့ပါတယ်။ သီချင်းထဲမှာ လူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းတွေကို မဖျောက်ဘဲ တိုက်ရိုက်ဆိုခဲ့တာကြောင့် လူထုက Ahyeon ကိုပြင်းပြင်းထန်ထန်ဝေဖန်နေတာဖြစ်ပါတယ်။ အဖွဲ့ထဲကနေထုတ်ပယ်ဖို့အထိပါ တောင်းဆိုနေတဲ့သူတွေရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/82/82ab45b769871e2d079bd858b74df6fa5adbbf4d.jpg

ပရိတ်သတ်တွေကတော့ ၁၆ နှစ်ပဲရှိသေးတဲ့ကောင်မလေးကိုမတော်တဆအမှားတစ်ခုကြောင့်နှင့် ပြင်းပြင်းထန်ထန်မဝေဖန်သင့်ကြောင်း ပြောပြီး ကာကွယ်ပေးနေကြပါတယ်။ ဒီလိုပြင်းထန်နေတဲ့ အခြေအနေမှာတောင် YG အင်တာတိန်းမန့်ရဲ့ တာဝန်ရှိသူတွေကတော့ အခုချိန်ထိတစ်စုံတစ်ရာဖြေရှင်းခြင်းမရှိသေးပါဘူး။  

https://s9.kh1.co/__image/w=650,h=366,q=100/61/614a2142009272c23ea8b9c15a2460a6bedf8ae1.png
https://s9.kh1.co/__image/w=650,h=652,q=100/64/64fdbe7b8ac32805b89e9e9900b626a6cfdbff3f.webp

သတင်း အရင်းအမြစ်www.allkpop.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T