ပရိသတ်တွေစိတ်ဝင်စားနေတဲ့ 1200 m2 ကျယ်ဝန်းတဲ့ Lee Da In နဲ့ Lee Seung Gi တို့ရဲ့ ကြင်စဦးအိမ်အကြောင်း

//s9.kh1.co/2b/2b41e15f90dd931e8de19e813af0c77aa7e47e85.jpg
အနုပညာရှင်များ

 ၂၆-မေ-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

မေလ 22 ရက်နေ့မှာ tvN ရဲ့ “Free Doctor” မှာ အနုပညာရှင်တွေရဲ့ ကြင်စဦးဇနီးမောင်နှံတွေရဲ့ ....

မေလ 22 ရက်နေ့မှာ tvN ရဲ့ “Free Doctor” မှာ အနုပညာရှင်တွေရဲ့ ကြင်စဦးဇနီးမောင်နှံတွေရဲ့အိမ်ထောင်ရေးအကြောင်းကို ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်.. ဒီအစီအစဉ်ထဲမှာ T-ARA Jiyeon နဲ့ Hwang Jae Kyun ၊ Hyun Bin နဲ့ Son Ye Jin ၊ Lee Seung Gi နဲ့ Lee Da In တို့ စုံတွဲ ၃ တွဲကို ရိုက်ကူးဖော်ပြထားပါတယ်..

https://s9.kh1.co/__image/w=600,h=329,q=100/52/52365f9c5ddcc1931c5ff67cffbfcdf505cb2365.bmp

“အနုပညာရှင်တွေရဲ့ ကြင်စဦးအိမ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့တင် ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်.. စုံတွဲ ၃ တွဲထဲမှာမှ ပထမဆုံး အိမ်ထောင်သက် နှစ်လ ရှိပြီဖြစ်တဲ့ Lee Seung Gi နဲ့ Lee Da In တို့ကို ဖော်ပြခဲ့ပါတယ်.. သူတို့အိမ်က ကား ၁၂ စီးအထိ စီထားလို့ရတဲ့ ကားပါကင်ရှိတဲ့ ၃၆၃ ပေ (၁၂၀၀ စတုရန်းမီတာ) ကျယ်ဝန်းတဲ့ ကြီးမားလွန်းတဲ့ အိမ်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=360,q=100/44/4456adfbcaf205d6a95761f115b607f43e3aa7b5.bmp

တကယ်တော့ Lee Seung Gi နဲ့ Lee Da In တို့ရဲ့ ကြင်စဦးအိမ်က ဒီလောက်မကြီးမားကြောင်း ဒီအကြောင်းတွေက ကောလဟာလသာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပါတယ်..

 Lee Seung Gi နဲ့ Lee Da In တို့ရဲ့ ကြင်စဦးဇနီးမောင်နှံအိမ်အပေါ် ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုတွေ မြင့်တက်လာတာနဲ့အမျှ Lee Seung Gi ရဲ့ အေဂျင်စီဖြစ်တဲ့ Human Made က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး “ထုတ်လွှင့်ပြသထားတဲ့ အိမ်တွေဟာ Lee Seung Gi ရဲ့ ကြင်စဦးအိမ်နဲ့ ဘာမှမဆိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=359,q=100/29/2959a51f6e0bb85195ffb69aa9d78357558a172d.bmp

ဒါ့အပြင် ထုတ်လွှင့်မှုမှာ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေကို ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် စိတ်မကြောင်းကြောင်း ထုတ်ဖော်ပြောပြခဲ့ပြီး လက်ရှိမှာလဲ ထုတ်လုပ်ရေးအဖွဲ့သားတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့တောင်းဆိုထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်..

Source – KBIZoom

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T