ချစ်သူကောင်မလေး Katy Louise Saunders နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မင်းသား Song Joong Ki

//s9.kh1.co/d2/d2ec5477c1ac8baebd4b817847cbc09fe5905f5d.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော တစ်နှစ် က

Song Joong Kiက ဗြိတိန်သူလေးနဲ့ တရား၀င်လက်ထပ်ဖို့စာရင်းတောင်သွင်းခဲ့တယ်တဲ့ … ကောင်မလေးမှာလည်း ကိုယ်ဝန်ရ…

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ Song Joong Ki ကတော့ မကြာသေးမီကပဲ ချစ်သူအသစ်လေးဖြစ်တဲ့ ဗြိတိန်သူ​လေးနဲ့တွဲနေကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ တချို့ပရိသတ်တွေကလည်း ဝိုင်းပြီးဂုဏ်ပြုပေးခဲ့ကြသလို တချို့ကလည်း ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=430,h=602,q=100/4e/4ee72b8c57d4f9f62a0fc8b8d2e80bbebc204b89.jpg
https://s9.kh1.co/__image/w=650,h=650,q=100/91/91e3b215b5612062f406214cf5a920e091832242.jpg

ဒါပေမယ့် ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာပဲ မင်းသား Song Joong Ki ဟာ သူ့ရဲ့ တရားဝင် ဖန်ကဖေးမှာ Katy Louise Saunders နဲ့လက်ထပ်လိုက်ပြီဖြစ်တဲ့အကြောင်း စာတစ်စောင်ရေးသားပြီး ကြေညာလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/87/8706c6c88666f598610c6ba393deb356ed34ce87.jpg
https://s9.kh1.co/__image/w=650,h=728,q=100/38/38ba2dfaca1cf69153d00733717166539e68f582.jpg

“သူ့ကိုအားပေးပြီး အချိန်အတူတူ ကုန်ဆုံးတဲ့  Katy Louise Saunders ကို သူ့ရဲ့ကျန်ရှိတဲ့ဘဝအချိန်တွေကို အတူတူကုန်ဆုံးပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်းကိုလည်း စာထဲမှာဖော်ပြပါတယ်။ Katy မှာ ကြင်နာတဲ့နှလုံးသားရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ဘဝကိုလည်း ဦးဆောင်နေသူဖြစ်တဲ့အကြောင်း၊ သူဟာ ပညာရှိပြီး သူလေးစားရတဲ့ ထူးခြားတဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/de/de47542c217210b163b152534bb42359c912c9b9.jpg

ဇန်နဝါရီ ၃၀ ရက်မှာပဲ သူတို့နှစ်ယောက်ဟာ လက်ထပ်မှတ်ပုံတင်ခဲ့ပြီလို့ သိရပါတယ်။ ဒါ့အပြင် ကောင်မလေးမှာလည်း ကိုယ်ဝန်ရှိနေ‌ပြီဖြစ်ကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်allkpop

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T