အခုနှစ်အပါအဝင် 6 နှစ်ဆက်တိုက် MAMA မှာဆုယူပြီး အောင်မြင်မှုကိုထိန်းထားပြနိုင်တဲ့ BTS…

//s9.kh1.co/3a/3a6d01a887e70ea3d81e18ca3071f7c7b24ca142.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၂ ၁၁am · လွန်ခဲ့သော တစ်နှစ် က

အထူးဆုကြီးကို ထပ်မံရရှိခဲ့ကာ မနေ့ညကပွဲရဲ့ အဓိက...

ဂျပန်နိုင်ငံ, အိုဆာကာမြို့မှာ ကျင်းပလျက်ရှိတဲ့ 2022 MAMA ဆုပေးပွဲကြီးမှာ BTS အဖွဲ့ဟာ Daesang အထူးဆူကြီးကိုရရှိခဲ့တယ်လို့ သိရပါတယ်။ နိဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်တာကျင်းပနေတဲ့ မာမားဆုပေးပွဲကြီးဟာဆိုရင် တောင်ကိုရီးယားရဲ့ အစဥ်အလာကြီးမားတဲ့ ဆုပေးပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=530,h=305,q=100/c3/c331d1ad97986142cf782ea2ed2013cebb6aeef0.webp

မနေ့ညကပွဲမှာတော့ BTS နဲ့ BlackPink တို့ဟာ ကမ္ဘာလုံးဆိုင်ရာပရိသတ်တွေရွေးချယ်မှုဆုကြီးကို ရရှိခဲ့ပြီး သူတို့နဲ့အတူအခြား အဖွဲ့တွေလည်း ရရှိခဲ့ပါတယ်။ BTS အဖွဲ့ကတော့ “Yogibo Worldwide Icon of the Year Award” ဆိုတဲ့အထူးဆုကြီးကို ထပ်မံရရှိခဲ့ကာ မနေ့ညကပွဲရဲ့ အဓိကပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် Stray Kids နဲ့ GOT7 အဖွဲ့တို့အပါအဝင် လူသစ်အဖွဲ့တွေလည်း ဆုတွေအများကြီးရရှိခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/5e/5e3bf5908fe9331d9fbc2c26321d5e494cdada8b.jpg

BTS အဖွဲ့ကတော့ 2017 ခုနှစ်ကနေစပြီး အခုနှစ်အထိ ၆ နှစ်ဆက်တိုက် MAMA မှာဆုတွေရရှိနေတဲ့ အအောင်မြင်ဆုံးအဖွဲ့အဖြစ် ဆက်လက်ရပ်တည်လို့နေပါတယ်။

Photos- credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T