မျက်စိကွယ်လုနီးပါး ဖြစ်ပြီးနောက်မှာ ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ့်ဂျူမုံမင်းသားကြီး

//s9.kh1.co/2a/2ad58e746bc50a3c7d969d31ed8624040f9ae9ea.jpeg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မျက်စိကွယ်လုနီးပါး ဖြစ်ပြီးနောက်မှာ ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ့်ဂျူမုံမင်းသားကြီး

ဂျူမုံလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသားကြီး Song IL kook ဟာဆိုရင် ကျန်းမာရေးအခြေအနေကြောင့်အချိန်အတော်ကြာ အနုပညာလှုပ်ရှားမှုတွေကနေ ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ 42nd street ပြဇာတ်နဲ့ပရိသတ်တွေ အရှေ့ကို ပြန်ရောက်လာတော့မယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/bb/bbd7cf11042f14662e2ddfc2e14c230e8efbcefe.webp

Song IL kook က မျိုးရိုးလိုက် မျက်စိရောဂါဝေဒနာ ခံစားနေရတာဖြစ်ပြီး အချိန်မီ မကုသပါက မျက်လုံးကန်းတဲ့အထိ ဖြစ်သွားစေနိုင်တယ်လို့ ဆရာဝန်ဆီကနေ မှတ်ချက်ရထားတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=380,h=567,q=100/f7/f7168011697fe70579291b7f6113f21b3109567f.jpeg

 ကျန်းမာရေးအခြေအနေကြောင့် Song IL kook က ၂၀၁၆ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ ၊ ဇာတ်လမ်းရိုက်ကူးမှုတွေထဲမှာ ထည်ထည်ဝင်ဝင် ပါလေ့ပါထ မရှိတော့ဘဲ ပြဇာတ်တွေမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=540,h=810,q=100/83/8392fac0f785dd0aa230754a6cbb7ffa298b6a2c.jpeg

မင်းသားကြီး Song IL kook က ၂ နှစ်ကြာ အနုပညာလှုပ်ရှားမှုတွေအားလုံးကနေ အနားယူထားပြီးနောက်မှာ အခုလိုမျိုး ပြဇာတ်ဇာတ်လမ်းတွဲမှာ ပြန်ပြီး သရုပ်ဆောင်မှာဖြစ်တဲ့အတွက် လည်း ပရိသတ်တွေအားလုံးက စိတ်လှုပ်ရှားနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=956,q=100/c7/c7fd4591d6b5d9fa455736789429f40e2bc49db7.jpeg

ကျန်းမာရေးအခြေအနေ ကောင်းမွန်လာတာကြောင့် အနုပညာလှုပ်ရှားမှုလေးတွေ ပြန်လုပ်လာတာလို့လည်း ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။မင်းသားကြီး Song IL kook က လက်ရှိမှာ အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်ပြီး ဒီကနေ့ကတော့ Song IL kook ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော် အမွှာလေးတို့ ဖေဖေရေ ..

https://s9.kh1.co/__image/w=650,h=692,q=100/cc/ccfc2fbc8a8e228bf2b2de0f4e1595d3f1c77b03.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T