ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရတဲ့ Jung Il Woo

//s9.kh1.co/0b/0b4b45b77ab064889c8248f612bec2c2f1aa9793.jpg
အနုပညာရှင်များ

 ၀၂-အောက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပြင်းထန်လွန်းတဲ့ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရတဲ့ Jung Il Woo

The Moon Embracing the Sun ရဲ့သရုပ်ဆောင်ဖြစ်တဲ့ Jung Il Woo ဟာဆိုရင် တစ်ချိန်တစ်ခါက ယာဉ်တိုက်မှုတစ်ခုကြောင့် ဦးနှောက်မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ Jung Il Woo ဟာ ၂၀၀၆ ခုနှစ်မှာ သူငယ်ချင်းတွေနဲ့အတူတူ ခရီးထွက်ရင်း ကြောက်ဖို့ကောင်းတဲ့ ယာဉ်မတော်တဆမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/ed/ed34597911e581fbe19c860e092bf2980e5e7d56.jpeg

Jung Il Woo က အဆိုပါ ယာဉ်မတော်တဆမှုကြီး ဖြစ်ပြီးတဲ့နောက်မှာ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ ဝေဒနာကိုခံစားခဲ့ရပြီး မှတ်ဉာဏ်တွေကို ဖုန်းထဲမှာ ထည့်သိမ်းတဲ့အကျင့် ဖြစ်လာခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=944,q=100/70/706c514f5ea14220a703b68e49be750527a46474.jpeg

မှတ်ဉာဏ်တွေကို ဓာတ်ပုံတွေကြည့်ပြီး ပြန်စဉ်းစားရတာကြောင့် Jung Il Woo ရဲ့ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေ စုစုပေါင်း ပုံ၇သောင်း လောက်အထိ ရှိတယ်လို့ သိရပါတယ်။Jung Il Woo က အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေခဲ့တာ ၁၆ နှစ်ပြည့်သွားပေမယ့် တစ်ချိန်တစ်ခါမှရည်းစားမထားဖူးတဲ့သူဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/80/80fa8769fb8f40ce8ac6fa75d0d81915e7b79acf.jpeg

Jung Il Woo က တကယ်လို့ သူချစ်ရတဲ့သူကိုတွေ့ခဲ့ရင် ချက်ချင်းလက်ထပ်ယူမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသား Jung Il Woo က ၂၀၀၆ ခုနှစ်မှာ The World of Silence သရဲဇာတ်ကားနဲ့ပရိသတ်တွေရှေ့ကိုရောက်လာတာဖြစ်ပြီး High Kick ဇာတ်လမ်းအပြီးမှာ ပရိသတ်တွေရဲ့အချစ်ကို များစွာရရှိခဲ့ပါတယ်။ Jung Il Woo က လက်ရှိမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ချစ်သူရည်းစားမရှိသေးဘူးလို့ သိရပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T