လှိုက်လှိုက်လှဲလှဲ လိုချင်တဲ့ ဆန္ဒလေးတစ်ခုကို ရိုးရိုးသားသားဖွင့်ဟ ပြောပြခဲ့တဲ့ ဆောင်းဟေကို

//s9.kh1.co/39/39b6199bbda5a3740d0eab137eb6398f8aaa3ee5.jpg
အနုပညာရှင်များ

 ၀၁-အောက်-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

ပရိသတ်တွေကို ငိုမိစေတဲ့ဆောင်းဟေကိုရဲ့ မပြည့်မြောက်ခဲ့ရတဲ့ ဆန္ဒလေးတစ်စုံ

တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုရဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက မပြည့်ခဲ့ရတဲ့ ဆန္ဒလေးဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။အနုပညာလောကထဲကို ရောက်ရှိနေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကြာသွားခဲ့ပြီဆိုပေမယ့် ဆောင်းဟေကိုရဲ့ အကြောင်းအရာများက ပရိသတ်တွေကြားမှာ ဆွေးနွေးပွဲကြီး တစ်ခုလို တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=750,q=100/ea/ea1129b8980303d2c22ae50c5f62259b19af4d37.jpeg

ဆောင်းဟေကိုက ချမ်းသာကြွယ်ဝပြီး အောင်မြင်တဲ့သူတစ်ယောက်ဆိုပေမယ့် အချစ်ရေးမှာတော့ ကံခေလွန်းတဲ့ သူလေးဖြစ်ပါတယ်။ မကြာသေးမီက ပရိသတ်တစ်ယောက်က လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဆောင်းဟေကိုရဲ့ ဆန္ဒလေးကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တီဗီရုပ်သံ အစီအစဉ်တစ်ခုက ဆောင်းဟေကိုကို နောက်နှစ်ပေါင်း ၁၀နှစ်ကြာတဲ့အချိန်မှာ ဘယ်လိုဘဝမျိုး လိုချင်လဲဆိုတဲ့ မေးခွန်းကို မေးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/5e/5e29f6017f85184294762673b08319e33da67f36.jpeg

ဆောင်းဟေကိုက နောက်နှစ်ပေါင်း ၁၀ နှစ်ကြာသွားရင် လူတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်း ၊ ပြီးရင် သားသမီးလေးတွေ မရှက်ရတဲ့မိခင်ကောင်း တစ်ယောက်ဖြစ်ချင်ကြောင်း ဖြေကြားပြောဆိုခဲ့ပါတယ်။ အဖြေလေးကတိုတောင်းလွန်းပေမယ့် သူမရဲ့ ဆန္ဒလေးကတော့ ရိုးသားဖြူစင်လွန်းပါတယ်။ ဒါပေမယ့်လည်း ၁၅ နှစ်ကြာသွားတဲ့အချိန်အထိ ဆောင်းဟေကိုဟာ သူမလိုချင်တဲ့ ဘဝလေးကို မရရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=436,q=100/de/def2c15c7af28b17ca6639527d891aa885af68fb.jpeg

ဆောင်းဟေကိုဟာ လီဗြောင်ဟွန်း ၊ ဟွန်ဘင်းနဲ့ အခြားနာမည်ကြီး မင်းသားတွေ များစွာနဲ့ ချိန်းတွေ့ခဲ့ပြီး ဆောင်းဂျွန်ကီနဲ့ လက်ထပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူမ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးကတော့ စိတ်မကောင်းစွာနဲ့ပဲမပြည့်မြောက်ခဲ့ပါဘူး။ လက်ရှိမှာဆောင်းဟေကိုက ဘဝကြီးကို အလှပဆုံးနေထိုင်လျက်ရှိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဖြစ်ချင်ခဲ့တဲ့ ဆန္ဒလေးတစ်ခုကိုလည်း မေ့ပျောက်ထားတဲ့ ပုံရပါတယ်။

https://s9.kh1.co/__image/w=425,h=425,q=100/6c/6c7c30fa853d7098b3b9d6c323e040a1bdfacbe9.jpeg

ဒါပေမယ့်လည်း သူမရဲ့ ဆန္ဒလေးကတော့ ဘယ်တော့မှပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး။ နာမည်ကြီးမင်းသမီးဆောင်းဟေကိုရဲ့ မပြည့်မြောက်လိုက်ရတဲ့ တစ်ချိန်တစ်ခါက ဆန္ဒလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T