လူရှေ့စကားပြောတတ်အောင် လေ့ကျင့်နိုင်မယ့်နည်းလမ်းများ

//s9.kh1.co/9a/9a196c7aa18be74f18102e2c8887e7712e73cf25.jpg
MPT Lifestyle

 ၂၇-ပြီ-၂၀၂၄ ၃pm · လွန်ခဲ့သော ၁၂ ရက် က

လူရှေ့စကားပြောတတ်အောင် လေ့ကျင့်နိုင်မယ့်နည်းလမ်းများ

Public Speaking ပြောခြင်းဟာ လူတော်တော်များများအတွက်ခက်ခဲတဲ့ကိစ္စရပ်တစ်ခုပါ။ ကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုရင်ပိုပြီးခက်ခဲတတ်သလို တစ်ချို့အတွက်ကတော့ ဘယ်လောက်ပဲကြိုတင်ပြင်ဆင်ထားပါစေ လူတွေရှေ့ရောက်တာနှင့် အဆင်မပြေတော့တာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ခြင်းက ကြောက်စိတ်ဝင်ပြီး စိတ်လှုပ်ရှားမှုများသွားတာကြောင့်ပါ။ 

https://s9.kh1.co/__image/w=563,h=845,q=100/7e/7e0c0502e616f467f29b2e2e4aa18f510220ba41.jpg

ဒါကြောင့် အဆင်ပြေတဲ့စကားပြောဆိုမှုဖြစ်ဖို့အတွက် နိဒါန်းနှင့်နိဂုံးကို သေချာလုပ်ထားပါ။ အထူးသဖြင့်နိဒါန်းပြောမယ့်အကြောင်းအရာဟာ စကားပြောတစ်လျှောက်လုံးကိုလွှမ်းမိုးသွားနိုင်တာကြောင့် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ မလိုအပ်တဲ့အကြောင်းအရာတွေကို ချဲ့ကားပြောပြီးအချိန်ဆွဲခြင်းကလည်း ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=564,h=574,q=100/64/6400e219ed4a8bc0e875868c1dd0160c2a598624.jpg

ကိုယ်ပြောမယ့်အကြောင်းအရာကိုနှုတ်တိုက်အလွတ်ကျက်သွားတာမျိုးထက် သေချာနားလည်သဘောပေါက်ထားပြီး ဆက်တိုက်လေ့ကျင့်ပေးရင် စင်ပေါ်ရောက်ချိန်မှာလည်း သဘာဝကျကျထွက်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားမှုလျော့စေဖို့အတွက် တစ်ကယ်မစတင်ခင်မှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် စင်ပေါ်ကိုသွားပြီး အတည်ပေါက်လေ့ကျင့်တာမျိုးလုပ်သင့်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=751,q=100/65/65295ee7b9f03dc998b13a4659d2df32617d4db7.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T