အရင်ဆုံးခန္ဓာကိုယ်ကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီခန္ဓာကိုယ်ဟာ သေချာမထိန်းသိမ်းရင် အချိန်ကြာလာတာနှင့်အမျှ ဒုက္မအများကြီးဖြစ်စေနိုင်တာကြောင့် သေချာလေ့ကျင့်ခန်းတွေလုပ်ပေးပြီးထိန်းသိမ်းပေးရပါမယ်။ ခန္ဓာကိုယ်လိုပဲ နောက်ထပ်အရေးကြီးတဲ့အရာကတော့ စိတ်ကျန်းမာရေးဖြစ်ပါတယ်။
အခုခေတ်မှာ စိတ်ပိုင်းဆိုင်ရာနေမကောင်းတဲ့သူပိုပိုများလာတာကြောင့် ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဝင်ငွေပိုင်းမှာလည်း သင့်တော်တဲ့ပမာဏတစ်ခုကိုစုဆောင်းထားပြီးတော့ ပိုင်ဆိုင်မှုအသင့်အတင့်ရှိတဲ့သူဖြစ်လာဖို့လိုအပ်ပါတယ်။ ပိုင်ဆိုင်နေရတဲ့ အရာတွေကိုတန်ဖိုးထားတတ်ပြီးတော့ ကျေးဇူးတင်တတ်တဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ကိုတန်ဖိုးထားပြီးပျော်ရွှင်တတ်တဲ့သူဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်။ အတိတ်မှာပိတ်မိတာမျိုးနှင့် အနာဂတ်ကိုကြိုတင်တွေးပူနေတာမျိုးဟာ စိတ်ကိုပင်ပန်းစေရုံကလွဲပြီး တစ်ခြားအကျိုးသက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။