ပိုပြီးရင့်ကျက်လာစေဖို့နည်းလမ်းကောင်းများ

//s9.kh1.co/6d/6d54b215711f61ecc8c761c343f526951a5e2b2b.jpg
MPT Lifestyle

 ၁၀-မေ-၂၀၂၄ ၁၂pm · လွန်ခဲ့သော ၁၁ ရက် က

ပိုပြီးရင့်ကျက်လာစေဖို့နည်းလမ်းကောင်းများ

ရင့်ကျက်လာဖို့အတွက် ပထမဆုံးခြေလှမ်းကတော့ အမှန်တရားကိုလက်ခံတတ်ဖို့ဖြစ်ပါတယ်။ အမှန်တရားကိုလက်မခံဘဲရှောင်ပြေးနေခြင်းဟာ ရင့်ကျက်မှုကိုပိုပြီးနှောင့်နှေးသွားစေနိုင်ပါတယ်။ ဒါ့အပြင် ရင့်ကျက်လာမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။ ခံစားချက်တွေကို ငယ်တုန်းကလိုမျိုး စိတ်ထင်တိုင်းဖော်ထုတ်ပြလို့မဖြစ်တော့တဲ့အရွယ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=564,h=564,q=100/62/629c07256dfce5e8dfae84f19157f47f1b31f7e3.jpg

စိတ်ပိုင်းဆိုင်ရာကို ပိုဂရုစိုက်လာခြင်းကလည်း ရင့်ကျက်လာစေဖို့ကူညီပေးနိုင်ပါတယ်။ စိတ်အခြေအနေကိုဂရုစိုက်ပေးပြီးတော့ အရာရာတိုင်းကိုလွယ်လွယ်မဆုံးဖြတ်လိုက်တာကလည်း ရင့်ကျက်လာတဲ့သူတွေရဲ့စိတ်နေစိတ်ထားဖြစ်ပါတယ်။ တစ်ဖက်သားကိုကိုယ့်အထင်အမြင်တစ်ခုထဲနဲ့ လွယ်လွယ်မဆုံးဖြတ်လိုက်တာက လူကြီးတစ်ယောက်ရဲ့စိတ်နေစိတ်ထားနှင့်အပြုအမူပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=663,q=100/c5/c55a8fdc5a1fb864bfa4a3bcebdf7c17666f0b69.jpg

အဓိပ္ပါယ်မရှိတဲ့ရန်ပွဲတွေ စကားများမှုတွေမှာအချိန်ကုန်မခံဘဲ ဥပေက္ခာပြုနိုင်တာကလည်း ရင့်ကျက်ပြီးလူတွေပဲလုပ်နိုင်တဲ့အကျင့်ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြားသူတွေအပေါ်မှာမှီခိုလွန်းပြီး ကိုယ်တစ်ယောက်တည်းနေရင်အလွယ်တကူအထီးကျန်တတ်တာကလည်း မရင့်ကျက်သေးတဲ့သူတွေပဲလုပ်လေ့ရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T