ဦးရေပြားကနေထူးဆန်းတဲ့အနံ့ဆိုးတွေထွက်နေတာဟာ လူတိုင်းနီးပါးကြုံဖူးကြတဲ့ပြဿနာတစ်ရပ်ပါ။ ဦးရေပြားကအနံ့ထွက်နေတယ်ဆိုရင် သူနှင့်ဆက်စပ်ပြီးဆံပင်တွေကပါ အနံ့ထွက်တာကြောင့် မိန်းကလေးတွေအတွက် အရေးကြီးတဲ့ အလှအပရေးရာပြဿနာတစ်ခုပါ။ကျန်းမာရေးအတွက်ပါ မကောင်းတာကြောင့် ဒီလိုမဖြစ်အောင်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေကိုသိထားဖို့လိုအပ်ပါတယ်။
ဆေးပညာအရတော့ ဒီလိုအနံ့ဆိုးထွက်လာရင်ဦးရေပြားအတွက်သင့်တော်တဲ့ခေါင်းလျှော်ရည်နှင့် ဆေးတွေကိုသုံးစွဲပေးရပါတယ်။ အိမ်တွင်းဆေးနည်းတွေအနေနှင့်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးဖြစ်တဲ့ခေါင်းလျှော်တာကိုပုံမှန်လုပ်ဆောင်ပေးတာအပြင် သဘာဝဆေးတွေဖြစ်တဲ့ အုန်းဆီနှင့်ရှားစောင်းလက်ပတ်တွေအသုံးပြုပြီးဆံပင်အဆီထိန်းတာတွေလုပ်ဆောင်နိုင်ပါတယ်။
အနံ့ဆိုးထွက်ရတဲ့အဓိကအကြောင်းရင်းဟာ ဦးရေပြားအဆီကြောင့်ဖြစ်တာကြောင့် အဆီကိုသေချာထိန်းပေးဖို့လိုအပ်ပါတယ်။ အနံ့ပြင်းတဲ့အစားအသောက်နှင့် ချွေးထွက်များခြင်းကလည်း ဦးရေပြားအတွက်အနံ့ဆိုးဖြစ်လာစေတဲ့အကြောင်းရင်းတွေဖြစ်တာကြောင့် အနံ့မနံဖို့ဆို အစားအသောက်ပုံစံကိုပါပြောင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗောက်နှင့်ဆံပင်အဆီတွေကိုထိန်းနိုင်ဖို့ ရေများများသောက်ပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းကလည်း ဦးရေပြားအနံ့ထွက်လာတာကိုကြိုတင်ကာကွယ်နိုင်တဲ့အဓိကအချက်တွေဖြစ်ပါတယ်။