အလုပ်လက်မဲ့တစ်ယောက်ဖြစ်ဖို့ဆိုတာ ဒီနေ့ခေတ်လိုမျိုးအပြိုင်အဆိုင်တွေများတဲ့ကာလမှာ ဖြစ်လွယ်ပါတယ်။ ကိုယ်တိုင်အလုပ်လက်မဲ့တစ်ယောက်မဖြစ်အောင် အချိန်ယူပြင်ဆင်ရမယ့်အကြောင်းအရာတွေကိုပြောပြပေးသွားပါမယ်။
အလုပ်တစ်ခုခုကိုကျွမ်းကျင်နေဖို့လိုအပ်ပါတယ်။ လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံမရှိဘူးဆိုရင်တောင် အလုပ်ကိုတတ်မြောက်ထားဖို့လိုအပ်ပါတယ်။ ဒီအရည်အချင်းက အလုပ်ရဖို့အတွက် ပထမဆုံးအခြေခံအချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအရည်အချင်းကိုမျက်မြင်သက်သေပြပေးနိုင်မယ့် ကိုယ့်ရဲ့ Portfolio တစ်ခုရှိဖို့လိုအပ်ပါတယ်။
ကိုယ်ကျွမ်းကျင်တဲ့အလုပ်နှင့်သက်ဆိုင်တဲ့ Network တွေရှိခြင်းကလည်း အလုပ်လက်မဲ့တစ်ယောက်မဖြစ်သွားစေဖို့ကောင်းမွန်တဲ့အကူအညီဖြစ်ပါတယ်။ အရည်အချင်းတွေကိုအမြဲတိုးတက်နေအောင်လုပ်ပြီးတော့ အမြဲသင်ယူနေတယ်ဆိုရင် သေချာပေါက် အဆင်ပြေတဲ့အလုပ်တစ်ခုကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်။