မှက်များမှတစ်ဆင့် ပျံ့နှံ့နေတဲ့ နှာခေါင်းသွေးယိုတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူသေဆုံးမှုများ ရှိလာ

//s9.kh1.co/06/064a8c1736fb2faf66e6efc5ac5c4b21ce59f9e0.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၂-ဇွန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ရောဂါတွေကလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတာပဲ.........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

မှက်များမှတစ်ဆင့် ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် 'နှာခေါင်းသွေးယိုတဲ့' ရောဂါပိုးဟာ မြင့်တက်လာပြီး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။ Crimean-Congo hemorrhagic fever လို့ လူသိများပြီး နှာခေါင်းကနေတဆင့် အပါအဝင် အတွင်းပိုင်းနဲ့ ပြင်ပသွေးထွက်ခြင်းတွေကို လျင်မြန်စွာနဲ့ ပြင်းထန်စွာ ဖြစ်စေပါတယ်။ ဇန်နဝါရီကတည်းက အီရတ်တွင် လူပေါင်း ၁၂၀ မှာ တွေ့ရှိခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

https://s9.kh1.co/__image/w=540,h=373,q=100/cd/cdd5735de29496b85895532307bfa38ef25becc1.webp
https://s9.kh1.co/__image/w=540,h=357,q=100/29/2999834d07dd121bd77b329204a32e293a1c532f.webp

WHO တာဝန်ရှိသူများက ဒါဟာ မကြုံစဖူးတဲ့နှုန်းဖြင့် ပျံ့နှံ့သွားမည်ကို စိုးရိမ်ပေမယ့်လည်း ရောဂါဟာ တောင်ပိုင်းပြည်နယ် Dhi Qar တစ်ဝိုက်တွင် ဗဟိုပြုနေပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အများအားဖြင့် တိရိစ္ဆာန်များ သို့မဟုတ် သတ်ရုံများတွင် အလုပ်လုပ်ပြီး တိရစ္ဆာန်သွေးနဲ့ ထိတွေ့တဲ့ လူများကနေ တစ်ဆင့် ကူးစက်စေပါတယ် ။WHO ရဲ့ အဆိုအရ သွေးထွက်လွန်ခြင်း၊ အဖျားတက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ မူးဝေခြင်း၊ လည်ပင်းနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မျက်လုံးနာခြင်းတို့ဟာ ရောဂါရဲ့ အဓိက လက္ခဏာများဖြစ်ပါတယ်။လည်ချောင်းနာခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်းတို့ကိုလည်း ရောဂါပိုးရှိသူများတွင် တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b6/b6470d0c921d0dd83dc3354f11c6099a994e54ee.jpg
https://s9.kh1.co/__image/w=540,h=360,q=100/11/1186d35cecc8656f5641d5a21c4ef29d08c892b6.webp

ဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အီရတ်သမ္မတ မူစတာဖာ အယ်လ်-ကာဒီမီဟာ တိရစ္ဆာန်များကို ပိုးသတ်ဆေးဖြန်းရန် ဒေါ်လာတစ်ဘီလီယံ ခွဲဝေပေးခဲ့ပါတယ်။ တိရစ္ဆာန်ဆေးကု ဆေးခန်းများကိုလည်း ပိုးသတ်ဆေးများ ထုတ်ပေးထားပြီး လိုင်စင်ရ ပေးသွင်းသူများမှ အသားများကိုသာ ဝယ်ယူရန် ပြည်သူများအား တိုက်တွန်းထားပါတယ်။ အီရတ်ရှိ WHO ရဲ့ကိုယ်စားလှယ် Ahmed Zouiten က ‘‘ကျွန်တော်တို့ ကပ်ရောဂါအဆင့်ကို မရောက်သေးပေမယ့် ကူးစက်မှုနှုန်းက မနှစ်ကထက် ပိုများနေတယ်’’ လို့ ယခုလအစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=360,q=100/6d/6d6f20aa95ed54f4b73f55c126be50b5adf1d825.jpg

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T