နေမပူတဲ့ရက်တွေမှာရော Sunscreen လိမ်းဖို့ လိုသလား

//s9.kh1.co/6e/6ecf3efebf6da80b91cce43fae1d255967c6f545.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၆-နို-၂၀၂၄ ၃pm · လွန်ခဲ့သော ၂ လ က

နေမပူတဲ့ရက်တွေမှာရော Sunscreen လိမ်းဖို့ လိုသလား

Skin Care ကြတဲ့သူတွေတော်တော်များများ  Skin Care Routine တစ်ခုလုံးမှာ Sunscreen လိမ်းဖို့ဟာ အရေးကြီးဆုံးအဆင့်ဆိုတာကိုသိကြပါတယ်။ Sunscreen လိမ်းခြင်းဟာ အသားအရေကို ထိခိုက်စေတတ်တဲ့ နေရောင်ခြည် (UV Ray) ကနေကာကွယ်ပေးပြီးတော့ အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်း၊ အမဲစက်တင်းတိပ်နဲ့မှဲ့ခြောက်တွေဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ တခြား Skin Care အဆင့်တွေကိုသေချာလုပ်နေပြီး Sunscreen ကိုမလိမ်းဘူးဆိုရင် အသားအရေဟာသိသိသာသာကောင်းမွန်လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နေမပူတဲ့ရက်တွေနဲ့ အပြင်မထွက်တဲ့ရက်တွေမှာပါ Sunscreen လိမ်းဖို့လိုအပ်ပါ့မလား ဆိုတဲ့ဒွိဟဖြစ်စရာမေးခွန်းတွေရှိပါတယ်။

အဖြေကတော့ Sunscreen ကို နေမပူလည်း နေအလင်းရောင်ရရှိနေတဲ့ အချိန်တိုင်းမှာ လိမ်းထားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/84/8490e6d84a84381fba60562edb1bb7ba6377886b.jpg

အကြောင်းအရင်းကတော့ ကမ္ဘာပေါ်ကိုကျလာတဲ့နေရောင်ခြည်ထဲက အန္တရာယ်ရှိတဲ့ UV Ray နှစ်ခုဟာ UVB နဲ့ UVA ရောင်ခြည်တွေပါ။ ဒီရောင်ခြည်တွေဟာ နေကနေတိုက်ရိုက်ကျလာတဲ့နေရောင်ခြည်တွေဖြစ်ပြီးတော့ ကမ္ဘာပေါ်ကိုတိုက်ရိုက်ထိုးဖောက်ကျရောက်လာနိုင်ပါတယ်။ UVB Ray ဟာ ကမ္ဘာပေါ်ကိုကျလာတဲ့ နေရောင်ခြည်တွေထဲမှာ 5 % လောက်ပါဝင်နေတာဖြစ်ပြီး လူတွေရဲ့အရေပြားအပေါ်ဆုံးအလွှာ Epidermic အလွှာကိုထိုးဖောက်နိုင်စွမ်းရှိတယ်။ ဒီရောင်ခြည်ကြောင့်ပဲ အသားအရေပေါ်မှာ အမဲစက်၊တင်းတိပ်နဲ့ နေလောင်ကွက်တွေကိုဖြစ်လာစေတာဖြစ်ပါတယ်

နောက်ထပ် UVA Ray ဟာ နေရောင်ခြည်မှာ ၉၅ % လောက်ပါဝင်နေတာဖြစ်ပြီး လူ့အရေပြား အလယ်လွှာဖြစ်တဲ့ Dermis အလွှာအထိဖောက်ဝင်နိုင်တယ်။ ဒီရောင်ခြည်ကြောင့် အရေပြားအတွင်းက DNA နဲ့ Collagen တွေကိုပျက်စီးသွားပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ အရွယ်ကျမြန်တာ အရေးအကြောင်းတွေထွက်လာတာတွေဖြစ်စေတာပါ။ 

ဒါကြောင့်နေမပူတဲ့နေ့တွေမှာတောင် နေရောင်ခြည်ထဲမှာ UVA နဲ့ UVB ဆိုတဲ့ UV Ray တွေဟာအမြဲရှိနေတာဖြစ်လို့ Sunscreen ကိုလိမ်းထားသင့်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=342,q=100/3d/3d49f554ebf263630440f7a29f6325834d7dac6d.jpg

UVA နဲ့ UVB Ray တွေကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပြီး ယုံကြည်စိတ်ချရတဲ့ Sunscreen ကိုလိုအပ်နေတယ်ဆိုရင်တော့ ပြင်သစ်နိုင်ငံထုတ်ဖြစ်တဲ့ Bioderma ရဲ့  Photoderm Aquafluide SPF 50+ Sunscreenလေး ရှိပါတယ်။  Photoderm Aquafluide SPF 50+ Sunscreen ဟာ Sun Active Defense Technology  (အဆင့်မြင့်နေလောင်ကာနည်းပညာ) ကိုအသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ဖြစ်တဲ့အပြင် SPF 50+  တောင်ပါဝင်တာကြောင့် နေရောင်ခြည်ကို ၉၈ % အထိကာကွယ်ပေးနိုင်ပါတယ်။ Sunscreen ဖြစ်ပေမဲ့ စေးကပ်ခြင်းမရှိဘဲ ပေါ့ပါးတဲ့ Texture ဖြစ်တာကြောင့် လိမ်းတဲ့အခါမှာလည်း အရေပြားထဲကို အလွယ်တကူစိမ့်ဝင်လွယ်ပါတယ် 

Bioderma ထုတ်ကုန်တွေဟာ အရေပြားဆရာဝန်တွေအညွှန်းများတဲ့အတွက်ကြောင့် ဒီ Bioderma Photoderm Aquafluide SPF 50+ Sunscreen ကိုလည်း Skin Type အားလုံး စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။ ထိခိုက်လွယ်အသားအရေအထိပါ အသုံးပြုနိုင်ပြီး  စုပ်ယူလွယ်တဲ့ပေါင်ဒါ(၃) မျိုးပါဝင်တာကြောင့် လိမ်းပြီးသွားရင်အဆီပြန်တာ Whitecast ကျန်ပြီး ပြာသွားတာမျိုးမဖြစ်စေပါဘူး။ မွှေးရနံ့မပါဝင်လို့  မွှေးရနံ့တွေကြောင့် ဓာတ်မတည့်ဖြစ်တာမျိုးတွေအတွက်လည်း စိတ်ချရတဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်

တစ်ခြား Sunscreen တွေနဲ့မတူညီတာကတော့ Photoderm Aquafluide SPF 50+ Sunscreen က ကိုယ့်ရဲ့ အသားအရေ အရောင်ကိုလိုက်ပြီးရွေးချယ်စရာ Neutral, Light နဲ့ Golden ဆိုပြီး သုံးရောင်တောင် ရှိပါတယ်။ ဒီ (၃)မျိုးထဲကမှ အရောင်ပါဝင်တာမကြိုက်တဲ့သူတွေက Neutral ကိုရွေးချယ်လို့ရပါတယ်။ Sunscreen လိမ်းရင်း မိတ်ကပ်လိုမျိုး Tinted ပါတာမှသဘောကျတဲ့သူတွေကတော့ Light နဲ့ Golden ကိုရွေးနိုင်ပါတယ်။ Light ကတော့ မိတ်ကပ်ရောင်ဖျော့လေးပါဝင်တာကြောင့် အသားဖြူတဲ့သူ၊ အသားလတ်တဲ့သူတွေအတွက်အဆင်ပြေပြီး မိတ်ကပ်လိမ်းဖို့အချိန်မရတဲ့နေ့တွေမှာ ဒီ Sunscreen တစ်မျိုးနဲ့တင် အဆင်ပြေနိုင်ပါတယ်။ Golden ကတော့ ရွှေညိုရောင်လိုအရောင်ပါတာကြောင့် အသားညိုတဲ့သူတွေအတွက် အဆင်ပြေစေမယ့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်

Bioderma ရဲ့  Photoderm Aquafluide SPF 50+ Sunscreen ဟာ Sensitive Skin ကအစ Skin Type အကုန်လုံးသုံးနိုင်တဲ့အပြင် အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်အပြည့်ရရှိထားတဲ့  Sunscreen တစ်ခုဖြစ်တာကြောင့် လက်မနှေးဘဲအပြေးဝယ်ထားသင့်တဲ့ Sunscreen လေးပဲဖြစ်ပါတယ်။ 

Bioderma Myanmar

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T