ခြေထောက်တွေကို စုထိုင်ခြင်းဟာ အရပ်ပုပြီးခြေတံတိုသွားသလို ဖြစ်စေတာကြောင့် ခြေထောက်ကိုချိတ်လိုက်ပြီး ခန္တာကိုယ်ကိုလည်း နောက်ဖက်ကို အနည်းအကျဥ်းယိမ်းလိုက်သင့်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဟာ ခြေတံတွေကိုပိုရှည်သွားသယောင်ဖြစ်စေပြီးတော့ အရပ်ရှည်သွားတဲ့ပုံစံပေါ်စေပါတယ်။
အမှီပါတဲ့ထိုင်ခုံလိုမျိုးမှာထိုင်ရတဲ့အချိန်မှာလည်း ခြေထောက်ကိုစုစည်းထားတာထက် ဖြောင့်တန်းနေအောင် ဆန့်ထားပြီး လက်ကိုလည်းဆန့်ထာားတာက ခန္ဓာကိုယ်ကိုပိုကြည့်ကောင်းစေပြီး ဖက်ရှင်ကိုလည်း ပိုပေါ်လွင်စေပါတယ်။
လှေကားလိုမျိုးနေရာတွေမှာ ဓာတ်ပုံထိုင်ရိုက်တဲ့အချိန်မှာ ခြေထောက်အနေအထားဟာပုံကိုအများကြီးသက်ရောက်သွားစေပါတယ်။ ခြေထောက်ကိုအဖြောင့်အတိုင်းထားပြီး လက်ဆန့်တာမျိုးလုပ်ရင်ပိုပြီးကြည့်ကောင်းတဲ့ပုံကိုရလာစေနိုင်ပါတယ်။
ဒီတိုင်းထိုင်နေတာမျိုးထက် ခြေချိတ်ထိုင်လိုက်ပြီး ခါးမတ်မတ်ထားတာက ပုံကိုပိုပြီးအချိုးအစားညီစေပါတယ်။ လက်မြှောက်လိုက်တာမျိုးလုပ်လိုက်ရင် ပိုပြီးတော့ သွယ်လျသွားသလိုဖြစ်ပြီးတော့ ကြည့်ကောင်းစေမှာဖြစ်ပါတယ်။