၅၂ ပတ်အတွင်း ဂင်းနစ်ကမ္ဘာ့စံချိန် ၅၂ ခုကို ချိုးဖျက်နိုင်ခဲ့သူ

//s9.kh1.co/61/615e60a819fd20290ea37dc8c04dd4050a103b52.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

အိုင်ဒါဟိုအမျိုးသားတစ်ဦးဟာ ၅၂ ပတ်အတွင်း ဂင်းနစ်ကမ္ဘာ့စံချိန် ၅၂ ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ခုချိန်မှာတော့ သူရဲ့ မယုံနိုင်စရာ ပန်းတိုင်အတွက် အောင်ပွဲခံနေပြီဖြစ်ပါတယ်။ STEM ပညာရေးကိုမြှင့်တင်ရန်အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ David Rush ဟာ 2021 ခုနှစ်တွင် တစ်ပတ်လျှင် စံချိန်တစ်ခုကို ချိုးနိုင်ရမယ်ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=520,q=100/36/36b568bffb9ee34b44c108fcb31e8b15d01d3181.jpg
https://s9.kh1.co/__image/w=509,h=340,q=100/b3/b38178d74f5c2e9efe00ede74e571c5c7e40f9b4.jpg

သူဟာ သူရဲ့စကားအတိုင်း တကယ်လည်း တစ်ပတ်ကိုစံချိန်တစ်ခုတင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ Rush ဟာ အိမ်နီးချင်းဖြစ်သူ Jonathan "Hollywood" Hannon နဲ့အတူ ဆပ်ပြာအစိုအတုံးများစုပုံခြင်းမှတ်တမ်းကို ချိုးဖျက်ခဲ့ပြီး နှစ်မကုန်မှီ တခြားစံချိန် အခု ၅၀ ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ သူရဲ့စံခ‌ျိန်တွေတိုင်းကို အိမ်နီးနားချင်းတွေနဲ့ပဲ အတူတူကြိုးစား ပြုလုပ်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=975,q=100/95/956c19a9b2d86417c979eb25d874df0464d33a4e.jpg
https://s9.kh1.co/__image/w=650,h=975,q=100/74/74030cdbd901b16d3b366d49d8ad21903a812f43.jpg

Rush ဟာ တစ်နှစ်တာအတွင်း သူ့ရဲ့ အခက်ခဲဆုံး မှတ်တမ်းတွေထဲက တစ်ခုကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဆွဇ်ဘောလုံးပေါ်တွင်ရပ်နေစဉ် ဆာမူရိုင်းဓားကိုအသုံးပြုပြီး တစ်မိနစ်အတွင်း ကီဝီသီးအများဆုံးလှီးဖြတ်တာပဲဖြစ်ပါတယ်။ အဲ့ဒီစံချိန်ကလည်း သူ့ရဲ့ အကြိမ် ၂၀၀ မြောက် ဂင်းနစ် ချန်ပီယံဆုတစ်ဆုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=631,h=631,q=100/65/6532ca66d4540792d26a558d74d919e6310c043a.jpg

သတင်း အရင်းအမြစ်UPI

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T