Introvert ကိုယ်ရည်ကိုယ်သွေးရှိတဲ့လူတွေအကြောင်း

//s9.kh1.co/2d/2d1bd2ed854b2e0a657287dc3ec1b246b4527647.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-လိုင်-၂၀၂၄ ၁၁am · လွန်ခဲ့သော ၅ လ က

Introvert ကိုယ်ရည်ကိုယ်သွေးရှိတဲ့လူတွေအကြောင်း

လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးစစ်ဆေးတဲ့စနစ်တစ်ခုကို  MBTI Test  လို့ခေါ်ပါတယ်။ ဒီစစ်ဆေးမှုကနေ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်တွေကိုသိနိုင်တဲ့အပြင် သင်နှင့်ကိုက်ညီတဲ့အလုပ်အကိုင်တွေ သင့်ရဲ့စိတ်ထားတွေကိုပါ အနည်းအကျဥ်းသိရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုကနေတစ်ဆင့် Introvert ဆိုတဲ့ကိုယ်ရည်ကိုယ်သွေးကိုပိုင်ဆိုင်ထားတဲ့လူတွေအကြောင်းကိုဖော်ပြသွားပါမယ်။ 

https://s9.kh1.co/__image/w=480,h=270,q=100/fa/fa4fc162aa94a7896d5f080104a83ed887ab1640.jpg

Introvert ဆိုတာကတော့ အပြင်ပိုင်းပျော်ရွှင်မှုတွေထက် အတွင်းပိုင်းပျော်ရွှင်မှုတွေကိုပိုသဘောကျကြတဲ့ ကိုယ်ရည်ကိုယ်သွေးအမျိူးအစားဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ဟာလူအုပ်တွေကြားထဲ ပါတီပွဲတွေလိုမျိူးနေရာတွေမှာနေတဲ့အချိန် စိတ်ပင်ပန်းတာ စွမ်းအားတွေကျဆင်းလာသလိုခံစားနေရတယ်ဆို Introvert အမျိူးအစားဖြစ်နိုင်ပါတယ်။ ဒီအမျိူးအစားလူတွေဟာ တစ်ယောက်တည်းနေရတာကိုပိုသဘောကျတတ်ကြပြီး အပြင်လူတွေကိုမလိုအပ်ဘဲ သူတို့ဘာသာအေးဆေးပျော်နိုင်တဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=563,h=374,q=100/e8/e8d6e12b7ab17b1c44febca30d2dd17a0e29fdd7.jpg

တစ်ခြားသူတွေရဲ့အထင်အမြင်နှင့် ဝေဖန်မှုတွေကိုသိပ်ပြီးဂရုမစိုက်တတ်ကြပါဘူး။ အထီးကျန်တာ တစ်ယောက်ထဲဖြစ်နေတာမျိုးကို ကြောက်ရွှံ့တာမရှိဘဲ သူတို့ကိုယ်တိုင်တစ်ယောက်ထဲလည်းအဆင်ပြေတယ်ဆိုတဲ့ လူတွေဖြစ်ပါတယ်။ ပြီးတော့သူတို့ဟာ ကိုယ်တိုင်လေ့လာရတာတွေ စိတ်ကူးရတာတွေမှာ ထက်မြက်ကြပြီးတော့ ကိုယ့်ကိုယ်ကိုယ်သေချာသိတဲ့လူမျိူးတွေဖြစ်ပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာပြီး အာရုံစိုက်ရတဲ့အလုပ်တွေမှာထက်မြက်ကြပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T