မျိုးသုဥ်းပျောက်ကွယ်သွားဖို့ စိုးရိမ်နေရတဲ့အာဖရိကတောခွေးများ

//s9.kh1.co/5b/5b70d206e556e92718002015767bd019d5f2a80a.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇွန်-၂၀၂၄ ၂pm · လွန်ခဲ့သော ၄ လ က

မျိုးသုဥ်းပျောက်ကွယ်သွားဖို့ စိုးရိမ်နေရတဲ့အာဖရိကတောခွေးများ

ထူးခြားတဲ့ပုံပန်းသွင်ပြင်တွေနှင့် အာဖရိကရဲ့တောအုပ်တွေမှာကျက်စားတဲ့ ဒီတောခွေးတွေဟာ မျိုးသုဥ်းဖို့အထူးတလည်စိုးရိမ်နေရတဲ့အကောင်တွေဖြစ်ပါတယ်။ အုပ်စုဖွဲ့နေထိုင်ပြီးတော့ အစာရှာတာအပါအဝင် တစ်ခြားလုပ်ငန်းစဥ်တွေအကုန်လုံးကိုလည်း အဖွဲ့လိုက်စည်းစည်းလုံးလုံးလုပ်ဆောင်တတ်ကြတဲ့ ဒီအကောင်လေးတွေဟာ အာဖရိကတောအုပ်တွေရဲ့အထင်ကရအမှတ်အသားတစ်ခုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=400,h=400,q=100/cd/cd74222d292c11d196620204f98a04239d689f1f.jpg

ခွေးနှင့်မူရင်းမျိုးရိုးတူညီတဲ့ဒီတောခွေးတွေဟာ အဓိကအားဖြင့် ငှက် ကြွက် တွေနှင့် နွားလိုမျိုးအကောင်ကြီးတွေကိုပါအုပ်စုလိုက်ဝိုင်းဖွဲ့ပြီး အမဲလိုက်ကြလေ့ရှိပါတယ်။ သူတို့ဟာအဖွဲ့စိတ်ဓာတ်ပြင်းထန်ပြီးတော့ ရှုံးနိမ့်နေရင်တောင်အဖွဲ့သားတွေကိုချန်ပြီးထွက်ပြေးကြလေ့မရှိပါဘူး။ တစ်ခါအမဲလိုက်ရင် အုပ်စုတွင်းကအကောင်နှစ်ဆယ်လောက်ကအမဲလိုက်ပြီးတော့ မျှဝေစားသောက်ကြတာဖြစ်ပါတယ်။ ဒီတောခွေးတွေဟာ တောတွင်းကကျား ခြင်္သေ့နှင့်တစ်ခြားအကောင်ကြီးတွေရဲ့အစာကိုလည်းလုယူစားသောက်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=473,h=315,q=100/d5/d5044bea309eb1b91a16816f57eac4c90287f1e0.jpg

သူတို့ဟာ လူသားတွေရဲ့သတ်ဖြတ်မှုအပါအဝင်တောတွင်းကအင်အားကြီးအကောင်တွေရဲ့သတ်ဖြတ်မှု စားကျက်နည်းပါးလာမှုတွေကြောင့် အကောင်ရေတစ်ဖြေးဖြေးလျော့ကျလာခဲ့ပါတယ်။ အခုဆိုရင်သူတို့ရဲ့အရေအတွက်ဟာ သဘာဝမှာ ထောင်ဂဏန်းလောက်ပဲကျန်ရှိတော့တာဖြစ်ပါတယ်။ ဒီလိုနည်းပါးလာခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစတင်လာခဲ့တာဖြစ်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T